Part-24

1.2K 96 0
                                    

Zawgyi version

ကျွန်တော်ကျောင်းသွားဖို့အိမ်အပြင်ထွက်လိုက်တဲ့အချိန်မှာ Kristကအခန်းရှေ့မှာ ကျွန်တော့်ကိုကြိုစောင့်နှင့်နေပြီ။သူရောကျွန်တော်ရောစာမေးပွဲနီးနေပြီဖြစ်လို့် သူကျောင်းလိုက်မပို့ဖြစ်တာ နည်းနည်းကြာနေပါပြီ။

"ကျောင်းလိုက်ပို့မလို့ရောက်လာတာလား?"

"ဟင့်အင်း..မဟုတ်ဘူး။ကျောင်းမသွားနိုင်အောင်လာတားတာ
ခင်များ.ကျောင်းမသွားရတော့မှာမို့လို့ ဘယ်သွားချင်လဲ"

"ကျောင်းမသွားရဘူးဆိုရင်တော့ ဘယ်မှမသွားတော့ဘူးလေ
အိမ်မှာပဲနေကြရအောင် စာလဲလုပ်ရင်း...ခေါင်းဆေးချင်လာတဲ့အခါရုပ်ရှင်တူတူကြည့်လို့လဲ ရတယ်လေ။ပြီးတော့မုန့်တွေလဲဝယ်ထားတယ်။"

"အင်း...ဒီလိုဆိုတော့လဲ အထဲပြန်ဝင်ကြတာပေါ့"
.
.
"Krist...ဘာဖြစ်လို့ကျောင်းမသွားခိုင်းတာလဲ?"

"ခင်များနဲ့အတူမရှိရတာကြာလို့်လေ"

".........."

"ဟေ့..Singto...'အမှန်တိုင်းပြောပါ ဒါမမှန်ဘူးဆိုတာငါသိပါတယ်' ဆိုတဲ့အကြည့်ကြီးနဲ့ကြည့်မနေနဲ့။ခင်များနဲ့အတူမရှိနေရတာကြာလို့ဆိုတဲ့အကြောင်းအရင်းလဲ 30%လောက်ပါတယ်"

"30%ထဲလား?
ဒါဆိုငါ့ထက်သာလွန်နေတဲ့70%ဆိုတဲ့အကြောင်းအရင်းကိုပြောပါအုန်း"

"ထင်သားပဲ ခင်များမသိသေးဘူးဆိုတာ social media application တွေကိုခင်များက တွင်တွင်ကျယ်ကျယ်မသုံးဖြစ်တာလဲ ကောင်းတော့ကောင်းပါတယ်။"

"အင်း..အခု ဘာတွေဖြစ်နေလို့လဲ"

"ဘာတွေဖြစ်နေလဲဆိုတော့...အဟက်!!
မနေ့တစ်နေ့ကမှစထောင်တဲ့pageတစ်ခုကနေ ခင်များနဲ့ကျွန်တော့်ရဲ့အကြောင်းတွေကိုဓာတ်ပုံနဲ့တကွတင်တယ်တဲ့
ခင်များနဲ့ကျွန်တော့်ကိုပျက်စီးစေရာပျက်စီးစေကြောင်းသဘောနဲ့ပေါ့
အမယ်...သူကပိုက်ဆံလဲအကုန်ခံနိုင်တယ်
Pageကိုရောpostကိုပါboostလုပ်ပြီးကို တင်တာ..အဟက်ဟက်
.
.
.Postအောက်မှာတော့ ကျောင်းMoonကြီးကဂေးသွားပြီဆိုပြီး ဝမ်းနည်းနေတဲ့မိန်းကလေးတစ်ချို့လဲရှိတယ်။စာတော်တဲ့ငါတို့ကျောင်းကအကိုကြီးကို ဟိုဖက်ကျောင်းကMoonကလေးက အပီရသွားတာ မကျေနပ်ဘူးဆိုတဲ့ အဲ့လိုမိန်းကလေးတွေလဲရှိတယ်။ပြီးတော့ ကျောင်းသိက္ခာကျတယ်ဆိုပြီး ဆဲဆိုနေတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီး အပေါင်းတို့လဲရှိနေတာပဲ လူပေါင်းကိုစုံလို့။ကိုယ့်စိတ်နဲ့ကိုယ်ရည်းစားထားတာကိုတောင် လိုက်ပြီးဝေဖန်အပြစ်တင်နေကြတယ်။သူတို့တွေသိပ်အားနေကြတာပဲ ဒီလောက်စာမေးပွဲနီးနေတာတောင် စာမလုပ်နိုင်ကြဘူး"

Differences(Completed)Where stories live. Discover now