Part-22

1.2K 117 2
                                    

Zawgyi version

ဒီညမှာ စကားတွေအများကြီးပြောလိုက်ရလို့ပင်ပန်းနေတဲ့ ကျွန်တော့်Power Bankလေးကို ရင်ခွင်ထဲထည့်ရင်း အားပြန်သွင်းပေးနေရတယ်။ဒီညလဲ အိမ်မပြန်ဘဲ ကျွန်တော့်အခန်းမှာပဲအိပ်အုန်းမယ်တဲ့။ကျွန်တော်တို့ကြားကဆက်ဆံရေးကိုမသိတဲ့ Kristရဲ့အမေကတော့ 'သားSingဆီမှာပဲ အပြီးနေလိုက်တော့' လို့ဆိုကာ သူ့သားလေးကိုကျွန်တော်လက်ထဲ ကြည်ဖြူစွာပေးနေတယ်။နောင်တစ်ချိန် ကျွန်တော်အတည်သွားတောင်းရင်ရော Kristရဲ့အမေက ကျွန်တော့်ကိုအခုလိုကြည်ဖြူနိုင်ပါအုန်းမလားလေ။

"Singto....ကျွန်တော်တို့အခုချိန်မှာ အနာဂတ်အကြောင်းကိုပြောကြည့်ကြမယ်ဆိုရင် စောနေအုန်းမလား"

"နှစ်ဖက်လုံးအဆင်သင့်ဖြစ်နေရင် ဘယ်အချိန်ဆွေးနွေးနွေး အနာဂတ်အစီအစဉ်ဆိုတာ စောတယ်နောက်ကျတယ်ရယ်လို့ မရှိပါဘူး
ဒါပေမယ့် အနာဂတ်အစီအစဉ်ထက် အရေးကြီးတဲ့ကိစ္စတစ်ခုဖြေရှင်းဖို့ မင်းမှာရှိနေသေးတယ်လေ"

"ဟင်...ခင်များနဲ့ကျွန်တော့်ရဲ့အနာဂတ်ထက် ပိုအရေးကြီးနေတာ ဘာအကြောင်းများလဲ"

"LinnလေKrist... Linn
Linnကိုဒီတိုင်းထားလို့မရဘူးနော်
ရှောင်နေလို့လဲ ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး။မင်းကြောင့်ဒီကိုလာတာဆို တာဝန်ယူရမှာပေါ့Kristရဲ့ မင်းနဲ့တော့တိုက်ရိုက်မသက်ဆိုင်ပေမယ့် အကြောင်းအရင်းက မင်းတဲ့လေ။
သူကအခုဒီမှာကျောင်းလာတက်တာလား။ကိုယ်ကြည့်ရသလောက်တော့ မင်းနဲ့ရွယ်တူလောက်ရှိမယ်။"

"အင်း...ဟုတ်တယ်
ဒီမှာလဲကျောင်းမတက်ဘူး။ဟိုမှာလဲကျောင်းနားထားတာတဲ့"

"အာ..ဒါဆိုနည်းနည်းအရေးကြီးပြီ သူ့အနာဂတ်ကြီးတိမ်းစောင်းနေပြီမလား မင်းကိုချစ်တဲ့စိတ်တစ်ခုကြောင့်အတွက်နဲ့"

"သူကချစ်တာရောသေချာရဲ့လား ချစ်နေတာရောဟုတ်ရဲ့လား
ကျွန်တော်ပျော်နေတာကိုသူသိမြင်နေရဲ့နဲ့တောင် ကျွန်တော်နဲ့အတူမပျော်ပေးနိုင်တာ ဒါကိုအချစ်လို့ခေါ်လို့ရလား?သူ..ကျွန်တော့်ကိုမက်မောနေရုံပါ"

"အချစ်တော့အချစ်ပါပဲ တပ်မက်မှုတွေနဲ့ပြည့်နေတဲ့အချစ်ပေါ့။ဒါမျိုးအချစ်က ရှိတတ်တယ်။ကြောက်ဖို့လဲ ကောင်းတယ်Kristရဲ့။သူကလူတစ်ယောက်ကို ချစ်ရာကနေ ပိုင်ဆိုင်ချင်လာတယ် ပိုင်ဆိုင်ချင်လာလွန်းတဲ့အခါ အပိုင်မရနိုင်တော့ဘူးဆိုတာကိုသိသွားရင် ချစ်ရသူကိုမုန်းတီးလာတယ် ကြာရင်အငြိုးတွေပါကြီးလာနိုင်တယ်။မစားရတဲ့စပျစ်သီးက ချဉ်တယ်ဆိုသလိုပေါ့။ငါ..မင်းအတွက်စိုးရိမ်တယ်Krist..ငါမင်းကိုစိတ်ပူတယ်"

Differences(Completed)Where stories live. Discover now