Part-19

1.2K 107 5
                                    

Zawgyi version

ကျွန်တော်တို့ချစ်သူဖြစ်ပြီးတဲ့နောက်ပိုင်းကစလို့ ကျွန်တော့်ကိုမနက်တိုင်းလာခေါ်ပြီးကျောင်းပို့ဖို့နဲ့ ညနေကျောင်းပြန်လာကြိုဖို့က Kristရဲ့နေ့စဉ်dutyကြီးလိုကို ဖြစ်လာခဲ့ပါတယ်။ကျွန်တော်အတန်းချိန်စောပြီးတဲ့နေ့မှာလဲ ကျောင်းမှာပဲKristကိုစောင့်နေရတတ်ပြီး Kristအတန်းစောပြီးတဲ့နေ့တွေဆို Kristကကျောင်းမှာလာစောင့်နေတတ်တယ်။

"ဟို...ဟို..P'Sing"

လှည့်မကြည့်လဲသိသာပါတယ် ဟိုကလေးမလေးရောက်နေတယ်ဆိုတာကို။အဲ့ကလေးမလေးရဲ့လုပ်နေကြအပြုအမူမျိုးဖြစ်တဲ့ ကျွန်တော့်လက်မောင်းကို သူ့လက်ညိုးလေးနဲ့ တို့တို့ပြီးခေါ်တာမျိုးတောင်မလုပ်တော့ဘူး။အဟက်....Kristကိုအတော်ကြောက်သွားပုံရတယ်။

"အင်း...N' စာမေးအုန်းမလို့လား။ဒီနေ့တော့P'အချိန်ရမယ်ထင်တယ်"

"ဟင့်အင်း...မမေးတော့ပါဘူး။N'ကလာတောင်းပန်တာ
ဟို....ဟို...ဟိုP' အတော်စိတ်ဆိုးသွားသလားလို့ N'ကို"

"ဟင်...ဘယ်P'လဲ Kristလား?"

"အင်း...ဟုတ်တယ်။အဲ့P'နာမည်ကKristလား။ချစ်စရာလေးနော် နာမည်ရောလူရော...အဟီး"

"ကျေးဇူးတင်ပါတယ် ချစ်ဖို့ကောင်းတယ်ပြောပေးလို့"

"ဟင်!P'Singကိုပြောတာမှမဟုတ်တာ P'Kristကိုပြောတာလေ"

"အင်း...P'ကတူတူပဲလို့မှတ်ယူပါတယ်"

"အယ်....P'Singကတော့...အဟီး"

"သြော်...ပြီးတော့ KristကP'မဟုတ်ဘူးနော်။မင်းနဲ့ရွယ်တူပဲသိလား။မင်းကP'လို့ထင်နေရအောင်ထိ သူက ရင့်နေပုံပေါ်လို့လား"

"အာ..မဟုတ်..မဟုတ်ရပါဘူးP'Sing
P'Krist...အာ..ဘွာတေးဘွာတေး
Kristက P'Singနဲ့ဆို သက်တူရွယ်တူလိုပြောဆိုနေတော့
အဲ့နေ့ကP'SingကိုSingtoလို့ခေါ်လိုက်သလားလို့လေ။အဲ့တာကြောင့်P'Singနဲ့ရွယ်တူပဲလို့ထင်နေမိတာ"

"အင်း...သူကအဲ့လို့ပဲ P'ကိုသက်တူရွယ်တူလို့ဆက်ဆံတတ်တယ်။P'လဲအစကတော့ စိတ်ထဲဘဝင်မကျပေမယ့် ကြာလာတော့အကျင့်ဖြစ်လာတယ်။အဲ့လိုမျိုးက ပိုပြီးသူနဲ့P'နဲ့ကြား သက်တောင့်သက်သာဖြစ်စေတယ်လို့ ခံစားလာရစေတယ်လေ။အင်း...အကျင့်ဖြစ်လာတာမျိုးပေါ့ သူနဲ့ပဲ"

Differences(Completed)Where stories live. Discover now