Part-18

1.2K 125 0
                                    

Zawgyi version

ဒီနေ့မှာအိပ်ရာက စောစောထရတယ်။ဟိုတစ်နေ့က အနမ်းခံရလို့ ရှက်သွေးဖြာသွားပြီး နေ့လည်စာတောင်မစားနိုင်ဘဲ တိုက်ခန်းကိုတစ်ချိုးထဲပြန်ပြေးသွားတဲ့ Singtoတစ်ယောက်ကို သွားတွေ့ရဖို့ပါ။

Ring.....Ring....Ring.....

"အင်း....Kristပြော"

"ခင်များကျောင်းမသွားသေးဘူးလား?"

"သွားတော့မှာ အခုအိမ်တံခါးတောင်ဖွင့်တော့မို့
ဘာလို့..........Oiiiii....Krist!!!!!"

"ဟီး.ဟီး"

ဆုံးအောင်တောင်မမေးလိုက်ရဘဲ တံခါးအဖွင့်မှာ Kristမျက်နှာကို ဗြုန်းစားကြီး တွေ့လိုက်ရခြင်းက ကျွန်တော့်ကိုတကယ်နှလုံးရောဂါရစေတယ်။လွမ်းလို့ရောက်လာရတာပါတဲ့ ရှက်ပြေး ပြေးသွားတဲ့ကျွန်တော့်ကိုလာစောင့်ဖမ်းတာပါတဲ့။အချိန်တိုင်းငါ့ကို နှလုံးရောဂါ ရစေတော့မှာလားKristရာ

"အခု ငါကမင်းကိုကျောင်းလိုက်ပို့ပေးရမှာလား
မင်းကငာ့ကိုကျောင်းလိုက်ပို့ပေးမှာလား?"

"ခင်များကိုလိုက်ပို့မှာ အပြန်လဲကျွန်တော်ပဲလာကြိုမယ်
ခင်များကအတန်းချိန်စောပြီးလဲစောင့်နေပေး"

........................................................................

"ပုခုံးမဖက်နဲ့Krist!"

"ဒါဆိုလက်ကိုင်ရမှာလားပြော"

"ဟင့်အင်း! အဲ့တာကပိုဆိုးတာပေါ့"

"ဒါဆိုလဲ ပုခုံးကိုဆက်ဖက်ထားမှာ
ကျွန်တော်ပုခုံးဖက်ထားတာ ခင်များကမကြိုက်ဘူးလား"

"မဟုတ်ပါဘူး အခုကကျောင်းဝင်းထဲရောက်နေပြီလေ
ဘယ်လိုကြည့်ကြည့် မင်းကအငယ် ငါကအကြီးဆိုတာ အသိသာကြီးကို မင်းကပုခုံးဖက်ထားတော့ တစ်မျိုးပဲ
ငါကကျောင်းမှာ စာတော်တဲ့လူအရှိန်ခံစီနီယာကြီးလေကွ"

"Oiiii..ဘာဖြစ်လဲ
ကျွန်တော့်ရည်းစားလေးကို ကျွန်တော်ပုခုံးဖက်တာပဲ ဘယ်သူ့အမြင်ကိုမှဂရုမစိုက်ပါဘူး။ဒါပေမယ့် ကျွန်တော်ဒီလိုလုပ်လို့ ခင်များကိုသူတို့မလေးစားတော့မှာမပူနဲ့ ခင်များရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပေးမယ့် ခင်များရည်းစားလေး ကျွန်တော်ရှိနေတယ်လေ"

Differences(Completed)Where stories live. Discover now