Part-13

1.3K 121 1
                                    

Zawgyi version

ထိုနေ့ညကအိပ်မပျော်ပါ။ပြန်တွေးမိတိုင်း အိပ်မရနိုင်ဖြစ်နေတော့မယ့် စကားကိုKristကပြောခဲ့တာ။ပူလောင်ရတယ်ဆိုတဲ့ ခံစားချက်က ဒါမျိုးဖြစ်နေခဲ့တာကိုး....Perawatပေးခဲ့တဲ့သင်ခန်းစာတွေပေါ့။တကယ်ဆို Kristရဲ့လွတ်လပ်ခွင့်ကို ဝင်စွက်ဖက်နိုင်မယ့် အရည်အချင်းရော အားအင်ရော ကိုယ့်မှာမရှိခဲ့ပါဘူး။တကယ်ကို ကိုယ့်နေရာက ဘာမှမဟုတ်ခဲ့ဘဲလေ။
စဉ်းစားကြည့်ရင် ကိုယ်ဟာ Kristနဲ့ဘယ်လိုဆက်နွယ်မှုမျိုးရှိနေပါသလဲ။
ဆရာတပည့်? ဒါလဲမဟုတ်သေးဘူးမလား ဒါကအတိတ်ကပက်သက်မှု။
ညီအစ်ကို? ဒါလဲဟုတ်မှမဟုတ်ဘဲလေ Kristကဘယ်တုန်းကမှ ကိုယ့်ကိုအကိုလို့သဘောထားခဲ့တာမဟုတ်။ဒါဆိုသူငယ်ချင်း? ပိုဝေးသွားတဲ့ဆက်ဆံရေးပါပဲ။တကယ်ကို ကိုယ်တို့ဆက်ဆံရေးက အမည်တပ်စရာမယ်မယ်ရရရှိမနေခဲ့။

'လမ်းတွေမှောင်နေတယ်။ပန်းတိုင်ကိုလဲမမြင်နိုင်ဘူး။ရည်ရွယ်ချက်လဲပျောက်ဆုံးနေခဲ့တယ်။ကိုယ်ကလင်းနေတဲ့ပါးချိုင့်လေးကိုမြင်နေခွင့်ရချင်ရုံသက်သက်လေး'

..........................................................

စိတ်အမှောင်ကျနေချိန်မှာ ကျောင်းတွေပြန်ဖွင့်တာကိုကျေးဇူးတင်တယ်။စာတွေနဲ့လုံးပမ်းနေရတဲ့အတွက် ဝမ်းနည်းနေရမယ့်အချိန်တွေလျော့နည်းလာတယ် နာကျင်နေရမယ့်အချိန်တွေ ရှားပါးလာတယ်။
Gunကတော့ကျွန်တော်ရှိတဲ့စီးပွားရေးတက္ကသိုလ်ကိုရွေးတယ်။Kristကတော့အင်ဂျင်နီယာတဲ့။သူ့အတွက်အဆင်ပြေနိုင်မယ့်ကျောင်းကိုရွေးတာမှန်ပေမယ့် ကျောင်းသွားကျောင်းပြန်အတူနဲ့ သူမသိတဲ့စာတွေရှင်းပြပြောပြပေးနေချင်သေးတာ ကျွန်တော့်ဆန္ဒသေးသေးလေးရယ်ပါ။

ကျောင်းပြန်ဖွင့်တာတစ်ကြောင်းရယ် ကျောင်းမတူတာတစ်ကြောင်းရယ် စာတွေပိချင်ယောင်ဆောင်နေရတာတစ်ကြောင်းရယ်နဲ့ ကျွန်တော်Kristနဲ့အဆက်အသွယ်ပြတ်နေခဲ့တာ ကြာပါပြီ။လွမ်းတာတော့လွမ်းတယ် တကယ်လွမ်းတယ်။မြင်နေရက်နဲ့လွမ်းနေခြင်းပါပဲ။တကယ်ကိုကျွန်တော်တို့ကနီးနေရဲ့နဲ့အဝေးကိုတွန်းပို့မိနေတာ။

ကိုယ့်ကိုယ်ကိုယ်တရားခံလို့မှတ်ယူလိုက်တယ်။အရာအားလုံးကကျွန်တော်အကြောင်းပြုလို့ အကျိုးဖြစ်လာရတာ။ကျွန်တော့်ရဲ့ ဘဝကိုစိတ်ချမ်းသာစွာဖြတ်သန်းနည်းက နာကျင်စရာများနဲ့ အဝေးဆုံးမှာနေထိုင်ခြင်းဖြစ်တယ်။အခုချိန်မှာ Kristအကြောင်းတွေဘာမှမသိချင်ပါဘူး။သိလိုက်ရတဲ့တစ်စုံတစ်ခုသောအကြောင်းအရာမှာ ကျွန်တော်နာကျင်ရမယ့်အကြောင်းတရားတွေကပ်ပါလာမှာစိုးပါတယ်။

Differences(Completed)Where stories live. Discover now