🦁 You are
1.2K 122 1
Zawgyi version
TBC...
🥕🥕🥕
Unicode version
အိမ်နဲ့အတိုက်အခံဖြစ်ပြီး ထွက်လာတဲ့နေ့က ထိုးကျနေတဲ့စိတ်ဓာတ်တွေကို အထောက်အပံ့ပေးဖို့ မိုးတွေကပါရွာချနေခဲ့တာ။ဒီလိုပဲဦးတည်ရာမရှိ လမ်းမြင်သမျှကိုလျှောက်နေတုန်း ပါးချိုင့်လေးတစ်ခုကိုတွေ့တယ်။အရမ်းလှတဲ့ပားချိူင့်ခွက်ကလေး။ရွာနေတဲ့မိုးတွေလဲတိတ်သွားသလို မှောင်နေတဲ့ကောင်းကင်လဲလင်းလာခဲ့တယ် ပြိုလဲနေတဲ့ကိုယ်ဟာ တစ်ခဏချင်းမှာပဲ မူလSingto Prachaya အဖြစ်ပြန်လာနိုင်ခဲ့တယ်။ကိုယ့်ရဲ့ကမ္ဘာမှာတော့ဒီလိုပဲ မင်းပေးခဲ့တဲ့ အလင်းရောင်တစ်ခုနဲ့အသက်ဆက်ခဲ့တယ်။
ဒီလိုနဲ့ခဏတိုင်းရောက်ဖြစ်ခဲ့တဲ့နေရာကိုတော့ ဘာကြောင့်ရောက်ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းကိုခဏမေ့ပြီး ကိုယ့်ကမ္ဘာငယ်လေးကို ပြန်တွေ့ချင်ရုံသက်သက်ဆိုတဲ့ စိတ်လေးတစ်ခုသာရှိခဲ့တယ်။ကျန်တာတွေကို မတွေးပစ်ချင်တော့တဲ့အထိ ငါ့ရဲ့စိတ်ကမင်းတစ်ယောက်ထဲဆီပဲဦးတည်နေတယ်။
ဒီနေ့မှာတော့..ကိုယ့်ရဲ့ကမ္ဘာဦးစတည်ရာနဲ့အနီးနားမှာ ကံကောင်းစွာနဲ့ ကိုယ့်ပါးချိုင့်လေးကိုပြန်တွေ့တယ်။Dimpleလေးက တကယ့်အဂျစ်ကလေး။Dimpleလေးမှာ ပညာရေးနဲ့ပက်သက်ရင် မတူတဲ့အမြင်တွေရှိနေပုံရတယ် သူ့အမေကိုကျောင်းမသွားချင်လို့ဂျစ်တိုက်နေတာလေး။
စိတ်ဆောင်တယ်ဆိုတာမျိုးပေါ့။နေ့တိုင်းဆိုသလောက် Dimpleတို့တိုက်ခန်းအောက်ရောက်ဖြစ်တယ်။Dimpleရဲ့အကြောင်းလေးတွေလဲ စုံသလောက်ကိုသိရနေပြီ Dimpleရဲ့နာမည်လေးကိုကချစ်မွှေးပါတယ် Krist Perawatတဲ့။ဒါပေမယ့်လဲ မင်းအတွက်ကိုယ့်ရဲ့သီးသန့်ဖြစ်တည်မှု ဘယ်သူမှမသိတဲ့ Dimpleဆိုတာကိုသာ တစ်သက်လုံးခေါ်နေချင်တာ။
တစ်ခုသောနံနက်ခင်းမှာ ကိုယ့်ရဲ့ဦးတည်ရာလမ်းလေးပွင့်သွားတယ် မင်းအနားကိုရောက်အောင် သွားနိုင်မယ့်ကိုယ့်လမ်းကြောင်းလေး။ကိုယ်တွေဝေနေလို့မဖြစ်ဘူး တွန့်ဆုတ်နေဖို့အချိန်မရှိဘူး။ကိုယ့်အိမ်မက်နဲ့ကိုယ့်မိဘဆန္ဒနဲ့မတူညီတဲ့အခါ ကိုယ်ဆန့်ကျင်နိုင်ပေမယ့် မင်းဆီကိုရောက်နိုင်မယ့် ကိုယ့်လမ်းကြောင်းက ကိုယ့်မိဘဆန္ဒဖြစ်နေရင်တော့ ကိုယ့်အိမ်မက်ကိုတွန်းလှန်ပစ်ပါမယ်။ မင်းသာ ကိုယ့်အိမ်မက်ပါကွယ်။
TBC...
Differences(Completed)Wo Geschichten leben. Entdecke jetzt