Part-20

1.2K 111 2
                                    

Zawgyi version

ဒီနေ့တော့ စံပြကျောင်းသားကြီး အတန်းလစ်ပါမယ်။မနေ့ညထဲက Kristကိုလဲ အကြောင်းကိစ္စရှိတာမို့ တိုက်ခန်းထိလာမခေါ်ဖို့ပြောထားပြီးသား။ဘာအကြောင်းလဲလို့ Kristကမေးလာရင် ကျွန်တော်အကြပ်ရိုက်နေရအုန်းမှာ။ကျွန်တော်ပြောဖူးတယ်လေ ကျွန်တော်Kristနဲ့ပက်သက်ရင်မလိမ်ချင်ဘူးလို့။အလိုက်သိတတ်တဲ့Kristက ကျွန်တော့်ဆီက အကြောင်းပြချက်ကို မတောင်းခဲ့ဘူး ဒီလောက်အထိ ကျွန်တော်တို့က ယုံကြည်မှုအပြည့် နားလည်မှုအပြည့်နဲ့။

စံပြကျောင်းသားကြီးကို အတန်းလစ်စေနိုင်တဲ့ အကြောင်းတရားကြီးက ဒီနေ့က Kristနဲ့ကျွန်တော်ရဲ့ရည်းစားသက်တမ်း၃လပြည့်လေး။Surpriseအကြီးကြီး ဘာညာထိတော့ နုနုရွရွကြီး မလုပ်ချင်ပေမယ့် Kristကိုတစ်ခုခုပေးချင်မိတယ် မှတ်မှတ်ရရ တစ်ခုခုပေါ့။Memoriesတိုင်းအတွက် အမှတ်တရ တစ်ခုခုကျန်နေစေချင်ရုံလောက်ပေါ့။

အခုကိစ္စနဲ့ပက်သက်ပြီးတော့ ကျွန်တော်စဉ်းစားထားတာ ကျွန်တော်တို့ရဲ့Day 1ထဲကလို့ဆိုရင် Kristတစ်ယောက်ကကျွန်တော့်ကိုအရမ်းကဗျာဆန်တာပဲလို့ ထင်သွားနိုင်လောက်မလား?အင်း...ထင်ချင်လဲထင်လို့ရပါတယ် ဟုတ်တယ် ကျွန်တော်က ကဗျာနည်းနည်းဆန်ပြီး စိတ်ကူးယဉ်ပုံဖော်တတ်တယ်။ကျွန်တော်က အတွင်းနဲ့အပြင်နဲ့ ကွာခြားလွန်းတယ်။ကျွန်တော့်ကိုပုံမှန်အားဖြင့် မြင်ကြည့်ရင် ကျွန်တော်က ဒီလိုစိတ်ကူးစိတ်သန်းမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူမှထင်မိကြမှာမဟုတ်လိမ့်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် အဓိကကတော့ ကျွန်တော်တန်ဖိုးထားရသူကို အသေးအဖွဲလေးကအစ ဂရုစိုက်ပေးချင်မိတာပဲ။

............................................................................

Kristကိုပေးမယ့်တစ်ခုခုကိုယူပြီး အခုKristရဲ့ကျောင်းကိုသွားနေတာ။Kristရဲ့ကျောင်းဆိုတာကလဲ အပြောသာရှိပြီး မရောက်ဖြစ်တဲ့နေရာတစ်ခုပဲ။Kristကိုပေးမယ့်တစ်ခုခုဆိုတာ တကယ်တော့ ကျွန်တော့်စိတ်ကူးနဲ့ Customize လုပ်ထားတဲ့ Braceletလေး။ဒီBraceletကို လုပ်ပေးတဲ့P'Armနဲ့က သိကျွမ်းနေတာကြာပြီ။P'Armရဲ့Maeနဲ့ကျွန်တော့်ရဲ့Maeတွေက ကျောင်းနေဖက်တွေမို့ ကျွန်တော်တို့ချင်းလဲ ငယ်ငယ်ထဲကခင်ခဲ့တာပဲ။P'Armနဲ့က အခုထိခင်ကြတယ်ဆိုတဲ့ အတိုင်းအတာမှာ တစ်ယောက်နဲ့တစ်ယောက်သိနေမှတ်မိနေကြရုံပဲ။ကျွန်တော့်ကို P'Armဆီသွားလည်ဖို့ Maeကမကြာခဏမှာတတ်ပေမယ့် ကျွန်တော်ကP'Armဆီကို တစ်နှစ်နေလို့တစ်ခေါက်တောင်မရောက်ဖြစ်ပါဘူး။P'Armကိုသဘောကျရတဲ့ အချက်တစ်ချက်ကအမေးအမြန်းနည်းတာပဲ ဒီBraceletsတွေအတွက် အလုပ်အပ်တုန်းကလဲ ဘာမှမမေးဘဲ ကျွန်တော်ပြောသမျှ မငြီးမငြူအကုန်လုပ်ပေးတာပဲ။Braceletsလေးထွက်လာတော့လဲ စိတ်တိုင်းကျရတယ်။

Differences(Completed)Where stories live. Discover now