Part-26

1K 100 3
                                    

Zawgyi version

ညကအိပ်မပျော်တာရယ်ကြောင့် Singtoမနိုးခင်မှာပဲ အိမ်ကိုပြန်လာခဲ့လိုက်တယ်။တစ်ညလုံးကျွန်တော်လိုက်စနေလို့ မနက်လင်းခါနီးမှSingtoတစ်ယောက်အိပ်ရတာ ပြီးရင်လဲခေါင်းမာမာနဲ့ကျောင်းသွားမယ့်သူမို့ နှိုးပြီးမပြောခဲ့တော့ဘဲ အိမ်ပြန်လာလိုက်တယ်။မဖြစ်မနေကြုံရမှာတွေအတွက် အချိန်မဆွဲချင်တော့ဘူး။အဓိကက Singtoနဲ့အမြန်နီးရဖို့ပါ။

မနေ့ကတည်းကပိတ်လိုက်တဲ့ဖုန်းကို အိမ်အပြန်လမ်းမှာဖွင့်စစ်မိတော့ Maeရဲ့တစ်ခါတည်းသာဆက်ထားသောအဝင်callတစ်ခုနဲ့ Ai'Gunရဲ့အဝင်callများစွာ။တကယ်ကိုပဲ Ai'Gunက Maeထက်ကျွန်တော့်ကို ပိုစိတ်ပူနေပုံရပါတယ်။Lineမှာလဲသူပို့ထားတဲ့Messageတွေအများကြီးဝင်နေလောက်မယ်ဆိုတာ စစ်မကြည့်လဲအတပ်သိပါတယ်။ကျွန်တော့်ကိုအဆက်အသွယ်မရတော့ ကျွန်တော့်ကိုယ့်ကိုယ်ကိုယ်တစ်ခုခုလုပ်တော့မယ်ထင်ပြီး ငိုပါငိုနေလောက်မယ်ထင်တယ်။တကယ်ကိုAi'Gunကကျွန်တော့်ကိုခင်ပြီး သံယောဇဉ်ရှိတယ်ဆိုတာ အရင်ထဲကသိခဲ့ပေမယ့် Singtoဆီမှာစာတူတူလုပ်ကြထဲက မကြည်လင်ခဲ့တဲ့သူ့အပေါ်ကို ကောင်းကောင်းမွန်မွန်ပြောဆိုကြည့်ဖို့က မလွယ်ကူခဲ့ပါဘူး။ဒီကောင်က Singtoဆိုရင်အရင်ထဲကသိပ်ကပ်လွန်းတာကြောင့် ကြည့်မရခဲ့တာအမှန်ပေမယ့် နည်းနည်းတော့သူ့ကိုသံယောဇဉ်ရှိပါတယ်။တကယ်ကိုAi'Gunက ကလေးလိုလိုအကျင့်ကလေးအပြင်ချစ်ချင်စရာမျက်နှာပောက်ကလေးနဲ့ ခင်ချင်စရာလေးမဟုတ်လား။အိမ်ရောက်လို့အေးအေးဆေးဆေးရှိသွားရင်တော့ Ai'Gunကိုကျွန်တော်ကျန်းကျန်းမာမာနဲ့ အကောင်းတိုင်းရှိကြောင်းကို ဖုန်းဆက်ပြီးတင်ပြရအုန်းမှာပါ။

အိမ်ရောက်တော့ဧည့်ခန်းမှာထိုင်ပြီးတော့စောင့်နေတဲ့Maeကိုတွေ့တယ်။Phawကိုမတွေ့ရတာ မသိသေးလို့ပဲလား ဒါမှမဟုတ်Maeပဲရုံးကိုအတင်းလွှတ်လိုက်လို့ပဲလားဆိုတာ တစ်ခုခုပါ။အဲ့ဒီလိုပဲMaeကအိမ်မှာနည်းနည်းတော့သြဇာညောင်းတတ်တာမျိုးရှိတယ်။Maeတို့မသိသေးဘူးဆိုတာလားလို့တွေးမိရင် နည်းနည်းတော့မဖြစ်နိုင်ရာရောက်တယ်။ဒီကိစ္စကိုအစဖော်ပြီးဖွတဲ့သူက Maeတို့ကိုပာ သိအောင်မလုပ်ဘဲမနေဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။တည်ငြိမ်နေတဲ့Maeပုံစံက နည်းနည်းတော့လန့်စရာကောင်းပေမယ့် အဝင်callတစ်ခုသာရှိတဲ့Maeရဲ့အခြေအနေကလဲ စိတ်အေးစရာကောင်းနေပြန်တယ်။ဘာမှမပြောဘဲ Maeရဲ့အနားမှာ Maeစကားစပြောလာမှာကိုစောင့်ရင်းတိတ်တိတ်လေးဝင်ထိုင်နေလိုက်တယ်။ဘာအပြစ်မှမလုပ်ထားဘူးဆိုရင်တောင် မနေ့ညကမပြောမဆိုနဲ့Singtoအိမ်မှာအိပ်မိသည့်အပြစ်ကရှိသည်လေ။

Differences(Completed)Where stories live. Discover now