Part-15

1.3K 124 2
                                    

Zawgyi version

_Singto ကျွန်တော်တို့ကျောင်းကိုလာလည်ချင်လား?_

ကျွန်တော် Youtube တွင် ဓာတ်ပုံရိုက်ခြင်းနဲ့ပက်သက်သည့် videoများကြည့်နေတုန်းရောက်လာသည့် Kristရဲ့Line message။ကျွန်တော်ရဲ့ လူသိပ်မသိသေးတဲ့ဝါသနာတစ်ခုက ဓာတ်ပုံရိုက်ခြင်းပဲ။ကျွန်တော်က လူတစ်ဦးတစ်ယောက်ကိုရိုက်ကူးပေးရတာထက် အလိုအလျောက်ဖြစ်တည်နေတဲ့ သဘာဝတရားတို့ကိုရိုက်ရတာ ပိုနှစ်သက်တတ်တယ်။ကျွန်တော့်ရဲ့လူသိပ်မသိတဲ့ ဝါသနာတစ်ခုကို Kristမသိဘူးဆိုလျှင် ထူးဆန်းရာကျနေလိမ့်မည်။ Kristတစ်ယောက်မသိဘဲနဲ့တော့ မရှိလေရပါ သူကကျွန်တော့်ရဲ့ တစ်ဦးတည်းသောလေးလေ။

ကျွန်တော်Kristနဲ့တွေ့တိုင်းဓာတ်ပုံရိုက်ပေးတတ်လေ့ရှိသည်။Kristက တမင်တကာPostပေးခြင်းမျိုးမဟုတ်တဲ့ သူ့ရဲ့သဘာဝအလျောက်လှုပ်ရှားမှုလေးတွေကို ရိုက်ပေးသည်ကိုသဘောကျတတ်သည်။ ကျွန်တော်သည်လည်း Side Viewတို့ Back Viewတို့ကို ရိုက်ရသည်ကိုသဘောကျသည်မို့ ကျွန်တော်တို့နှစ်ယောက်သည် မည်မျှတောင်လိုက်ဖက်လွန်းလှသည့် လူသားနှစ်ဦးပါလဲ။

ကျွန်တော်ကပုံမှန်ဆို အလုပ်တစ်ခုကိုစိတ်ဝင်တစား လုပ်နေတဲ့အချိန်မျိုးဆိုရင်တော့ သေရေးရှင်ရေးကလွဲရင် ကျန်တဲ့အရာအားလုံးကိုလျစ်လျူ ရှုတတ်ပါတယ်။ဒါပေမယ့် အခုMessageပို့လာသည်က Kristမဟုတ်လား။အခြားသူမဟုတ်ဘဲ Kristဖြစ်နေသည်လေ။Kristကကျွန်တော်ဘယ်တော့မှလျစ်လျူမရှုမယ့် လျစ်လျူရှုလို့မရနိုင်မယ့် တစ်ယောက်သောသူပါ။ကျွန်တော်အလုပ်ရှုပ်နေသည်ဖြစ်စေ ကျွန်တော်စိတ်ရှုပ်နေသည်ဖြစ်စေ Kristရဲ့messageတစ်ကြောင်းက ကျွန်တော့်ကိုအရာအားလုံးကို မေ့ပျောက်သွားစေနိုင်ပါတယ် နောက်ဆုံးကျွန်တော်Kristကိုစိတ်ဆိုးနေသည့်တိုင် မမြင်ခဲ့သလိုကျော်သွားနိုင်မယ့်ထဲမှာ Kristရဲ့စာတွေမပါခဲ့ပါဘူး။ဒါတွေဟာ Kristမှာ အကြည်ဓာတ်လေးလို့ခေါ်ဆိုနိုင်မယ့် အရာတစ်ခုခုများရှိနေခဲ့သလား။

_ကျွန်တော်တို့ကျောင်းကိုလာလည်စေချင်လိုက်တာလို့ ဒဲ့ပြောပါလား_

_ဝန်မခံချင်လို့ သွယ်ဝိုက်ပြောနေတာကို တည့်တိုးကြီးပြန်ပြောလိုက်ရမှ စားဝင်အိပ်ပျော်တာလား ခင်များက_

Differences(Completed)Where stories live. Discover now