အခန်း(၁)

20.4K 512 7
                                    


Warning🔥🔥🔥Zawgyi ရော Unicode သုံးသူတွေပါအဆင်ပြေအောင် အောက်မှာ Unicode နဲ့ပါထပ်ပြီးတင်ပေးထားပါတယ်နော်💙
အားလုံးပဲ အဆင်ပြေကြပါစေ😘

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Zawgyi

"ဒန်..တန်..တန်..တန်..ဒန်..တန်..တန်..တန်...တန်...."

အခန်းတံခါးမဖွင့်ခင်ကတည်းကကြားလိုက်ရသည့် အသံကြောင့် အာကာပိုင်တစ်ယောက် ကြိတ်ရယ်လိုက်မိသည်။အခန်းတံခါးကို အသာဖွင့်ကြည့်လိုက်သည်အထိ အခန်းထဲက တေးသံရှင်က သူ့ကိုသတိမထားမိ။အင်္ကျီတွေတစ်ထည်ပြီး တစ်ထည်ထုတ်ဝတ်ကာ မှန်ရှေ့တွင်အလုပ်ရှုပ်နေသည်။ပါးစပ်ကလည်း ဒီတီးလုံးကိုသာမနားတမ်းရွတ်နေသည်။နေပါဦး...ဒီကောင် ဒီတစ်ကြောင်းပဲရတာလား။

"အဟမ်း...."

သူအခန်းတံခါးကိုတွန်းဖွင့်ပြီး အသံပေးလိုက်တာတောင် ကိုယ်တော်ချောကသူ့ကို တစ်ချက်လေးတောင်အဖက်မလုပ်။

"အဟမ်း...အဟမ်း..."

"ချောင်းဆိုးချင်အပြင်ထွက်ဆိုး...နားညီးတယ်"

ပြောပုံကိုကပြေးကန်ချင်စရာ။လူပုံကိုကပိန်ကပ်ကပ်ဖြူ ဖျော့ဖျော့နဲ့....ကိုယ်ကလုပ်လိုက်ရင်လဲဗလအားကိုးနဲ့အနိုင်ကျင့်တယ်ဖြစ်ဦးမယ်။စားသမျှ အာဟာရကို ခန္ဓာကိုယ်ဖွံဖြိုးဖို့အတွက်မသုံးပဲ အရပ်ရှည်ဖို့အတွက်ပဲသုံးနေသလားမှတ်ရအောင် လူကပိန်ပိန်ရှည်ရှည်။

ကိုယ်ကိုယ်တိုင်လဲအရပ်ရှည်တဲ့အထဲပါတာပင်။သို့သော် သူ့လောက်မရှည်။

"မင်းကအဲ့ဒါဘာတွေလုပ်နေတာလဲ၊ဝတ်တာလဲမဟုတ်ပဲနဲ့ အင်္ကျီတွေကိုဘာလို့လျှောက်ဖွနေတာလဲ"

"ညနေကျ မမခြယ်တို့လာမှာလေကွာ...အဲ့ဒါဘာလေးဝတ်ရင်အဆင်ပြေမလဲလို့ ဝတ်ကြည့်နေတာ"

ကောင်းကင်စကားကြောင့်သူမျက်ခုံးပင့်ကြည့်လိုက်မိသည်။ဒါကြောင့်ဒီကောင်သီချင်းတညီးညီးနဲ့ အူမြူးနေတာကိုး..။

ချစ်ခြင်းတရားဖြင့်လင်းလက်စေWhere stories live. Discover now