Zawgyi
ကောင်းကင်တွင်တိမ်ညိုရိပ်ဆင်ကာ တဖြောက်ဖြောက်ရွာသွန်းနေသည့်မိုးကြောင့် အနက်ရောင်ကတ္တရာပေါ်တွင် ရေစက်၊ရေဗွက်တို့တင်ကျန်နေရစ်ခဲ့သည်။ခုချိန်ထိတိုင်အောင်မစဲနိုင်ဘဲရွာနေသည့် မိုးအကြားတွင် ပျားပန်းခပ်မျှ ကားတွေရော၊လူတွေပါသွားလာနေကြပေမယ့် သုံးလွှာရှိအခန်းငယ်လေးထဲက ကောင်လေးနှစ်ယောက်ကတော့ဖြင့် အခန်းအောင်းနေကြပေသည်။
"ကာကာ...မင်းဟာကခုထိမပြီးနိုင်သေးဘူးလား"
တိတ်ဆိတ်နေသည့်အခန်းငယ်လေးထဲတွင် ကောင်းကင်၏အပြစ်တင်သံလေးက ပျံ့လွင့်လာသည်။
"ခဏလေးပါကွာ...ငါးမိနစ်ပဲ"
အလုံပိတ်အခန်းထဲမို့ နှဖူးစပ်တွင်ချွေးစို့နေရှာသည့်ကာကာက တိုးညှင်းစွာပြန်ပြောလာသည်။
"အေး...မင်းအဲ့ဒီ ငါးမိနစ်၊ငါးမိနစ်လို့ပြောနေတာဘယ်လောက်ကြာပြီလဲ၊မင်းဒီည အိပ်ဖို့ရောအစီအစဉ်ရှိသေးရဲ့လား"
စိတ်မရှည်သည့်လေသံနှင့်ပြောကာ အိပ်နေရာမှ ကုတင်ခေါင်းရင်းရှိ ပြတင်းပေါက်ကိုထဖွင့်လိုက်သည်။အပြင်မှာမိုးရွာနေသည်မို့ မိုးနံ့ပါသည့် လေနုအေးက ပြတင်းပေါက်မှတစ်ဆင့်အခန်းတွင်းသို့တိုးဝှေ့ဝင်လာကြသည်။ထိုအခါမှ ကြမ်းခင်းထဲခေါင်းမြုပ်မတတ်အာရုံစူးစိုက်နေသည့် ကာကာတစ်ယောက်ခေါင်းထောင်လာသည်။
"ကောင်းကင်၊ဘာလို့ပြတင်းပေါက်ဖွင့်တာလဲ၊အပြင်မှာ မိုးရွာနေတယ်လေ၊လေးအေးတွေဝင်ပြီးနှာစေးမယ်၊ပြန်ပိတ်လိုက်"
တိုးဝင်လာသည့် လေတွေကြောင့် လွင့်စင်သွားသည့် ရောင်စုံစက္ကူရွက်တွေကို တစစီလိုက်ကောက်နေသည့် ကာကာ့ကိုသူသိပ်အမြင်မကြည်ချင်တော့။ညနေက TV Channal တစ်ခုမှလာသည့် စက္ကူမီးပုံးခေါက်ခြင်းကိုကြည့်ပြီး ချက်ချင်း ရောင်စုံစက္ကူတွေ၊ကော်တွေဝယ်ကာ တစ်ညလုံးထိုင်ခေါက်နေသည်က ခုညဆယ်နာရီထိုးသည်အထိ။
ကတ်ကြေးကိုင်လိုက်၊ကော်ဘူးကိုင်လိုက်နှင့် ရှုပ်ယှက်ခတ်ကာ ပုံမကျပန်းမကျမီးပုံးငယ်လေးတွေ လေးခုရနေပေမယ့်လည်း အရမ်းတွေဇွဲကောင်းလွန်းသည့်ကာကာက မကျေနပ်နိုင်သေး။
YOU ARE READING
ချစ်ခြင်းတရားဖြင့်လင်းလက်စေ
Romance-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ်ကျွံနေခဲ့ပြီ။ -ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်...