အခန်း(၂)

7.2K 399 4
                                    


Warning🔥🔥🔥Zawgyi ရော Unicode သုံးသူတွေပါအဆင်ပြေအောင် အောက်မှာ Unicode နဲ့ပါထပ်ပြီးတင်ပေးထားပါတယ်နော်💙
အားလုံးပဲ အဆင်ပြေကြပါစေ😘

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Zawgyi

               မမခြယ်လို မိန်းကလေးမျိုးနဲ့ရည်းစားဖြစ်ရရင် ငါတော့သေပျော်ပါပြီကွာ"

         "ဥစ္စာပေါ၊ရုပ်ချော၊ထက်ထက်မြတ်မြတ်ရှိတဲ့ မိန်းမမျိုးဆိုတာ မမခြယ်ကိုပြောတာကွ၊ဘယ်လိုကြည့်ကြည့် အပြစ်ပြောစရာကိုမရှိတာ"

         "ကာကာ..ငါ့လက်ကိုကိုင်ကြည့်ပါဦးကွာ၊မမခြယ်နဲ့ခဏလေးမျက်လုံးချင်းဆုံတာကို ချွေးတွေရွှဲ ရင်တွေခုန်ဖြစ်နေရတယ်လို့...ဟား..ဟား.."

          ဒီစကားတွေ.......။ဒီစကားတွေကိုသူတို့ကျောင်းသားဘဝတုန်းက ကောင်းကင်ခဏ ခဏပြောနေကျ ။မမခြယ်အကြောင်းတွေကိုပြောနေသည့်အချိန်ဆို ကောင်းကင်ကအရမ်းပျော်နေတတ်သည်။စိတ်လှုပ်ရှားတိုင်းချွေးစိုနေသည့် သူ့လက်ကလေးကို ကိုင်ခိုင်းတတ်သည်။ထိုအချိန်မျိုးဆို သူပျော်မိတာကိုတော့အမှန်တိုင်းဝန်ခံရမည်။

          ပုံမှန်ချိန်တွေဆို ကျားတစ်ကောင်လိုသူနှင့်လုံးထွေးသတ်ပုတ်နေတတ်သည့်ကောင်းကင်က ဒီလိုအချိန်မှာတော့ ယုန်လေးတစ်ကောင်လိုချစ်ဖို့ကောင်းလွန်းသည်ဟုသူမြင်သည်။သူ့ဆီလက်ကလေးပေးထားပြီး အပြုံးအရယ်မပျက် စကားပြောနေပုံလေးတွေက တကယ့်ကိုကလေးတစ်ယောက်သဖွယ်။

          ကောင်းကင်ဘေးနားမှာအမြဲတမ်းဒီလိုမျိုးလေးငေးကြည့်နေခွင့်ရမယ်လို့ထင်နေခဲ့သည့်သူ့အတွေးတွေက ကောင်းကင်ပြောသည့်စကားတစ်ခွန်းကြောင့် ရေပေါ်အရုပ်ရေးသလို ပျောက်ကွယ်ခဲ့ရသည်။

           "မေမေကငါနဲ့မမခြယ်ကို ကျောင်းပြီးရင် နေရာချထားပေးမယ်တဲ့၊ငါအိပ်မက်မက်နေသလားတောင်ထင်နေတာကွ၊မင်းစဉ်းစားကြည့်လေ ကိုယ့် crush နဲ့လက်ထပ်ခွင့်ရမှာက တော်ရုံကံကောင်းမှုလား..."

ချစ်ခြင်းတရားဖြင့်လင်းလက်စေWhere stories live. Discover now