Zawgyi
မနေ့ကကောင်းကင်ပြန်သွားပြီးကတည်းက သူနှင့်ကောင်းကင်အဆက်အသွယ်မလုပ်ဖြစ်တော့။အရင်ကဆို မနက်မိုးလင်းတာနှင့် ကောင်းကင်တို့အိမ်ကိုရောက်နေတတ်သည့်သူက အခုတော့ကောင်းကင်တို့အိမ်ကိုမသွားတာ သုံးရက်ရှိပြီ။
ကောင်းကင်ကိုစွန့်လွှတ်ဖို့တစ်ခါမှမတွေးခဲ့ဖူးတာမို့ အခုလိုစွန့်လွှတ်ဖို့ကြိုးစားနေရတာက သူ့အတွက်တကယ်ကို ပင်ပန်းလွန်းသည်။
"ငါ့ကောင်ကြီးရောက်နေပြန်ပြီလားဟ...၊ဒီနေ့လဲ ကောင်းကင်မပါဘူးလား"
ဦးစိုးအမေးကိုသူပြန်မဖြေနိုင်ပါ။ခေါင်းခါပြီးခပ်ထေ့ထေ့အပြုံးလေးတစ်ခုသာပြုံးပြလိုက်မိသည်။စွန့်လွှတ်ဖို့ကြိုးစားမယ်ဆိုတဲ့လူက မေ့ပစ်ဖို့တောင်မလွယ်တာမို့ ဦးစိုးဆိုင်ကိုရောက်နေရတာကောင်းကင်ပြန်သွားသည့်ညကတည်းက။ဟိုကောင် ကောင်းကင်များသိရင် သူ့ကိုလှောင်ရယ်နေလေမလား။
"ဘယ်လိုဖြစ်တာလဲ...မင်းနဲ့ကောင်းကင်ကရန်ဖြစ်ထားကြတာလား၊ခါတိုင်းဆိုတပူးပူးတတွဲတွဲနဲ့ကို......"
"မဟုတ်ပါဘူးဗျာ..၊သူကစေ့စပ်တော့မှာဆိုတော့ မအားလို့လေ
သူဒီစကားကိုရင်နာနာနှင့်ပြောလိုက်မိသည်။ဦးစိုးကိုပြောလိုသည်ထက် သူ့ကိုယ်သူပြန်ပြီးသတိပေးလိုသည်ကြောင့်....။ကောင်းကင်က သူ့အတွက်ဘယ်တော့မှဖြစ်လာမှာမဟုတ်တာကို အသိစိတ်ဝင်စေချင်သည်ကြောင့်....။
"ဟုတ်သားပဲ.. ကောင်းကင်တောင်စေ့စပ်တော့မှာပဲ၊မနေ့ကတောင် Junction မှာသူတို့အတွဲကိုတွေ့ခဲ့သေးတယ်"
"ကောင်မလေးကလှတာတော့ အတော်လှတာကွ၊အဲ့ဒါကြောင့်ဒီကောင်..အသည်းအသန်ဖြစ်နေတာဖြစ်မယ်"
ဟက်..။သူကသာဒီမှာ ကွဲနေတဲ့အသည်းကိုအရက်နဲ့ဆက်နေရပေမယ့် ဟိုကောင်ကတော့ပျော်နေတယ်တဲ့လား..။သူ့ဆီဖုန်းလေးတစ်ချက်ဆက်ဖို့တောင် သတိမရပဲပျော်နေခဲ့တယ်တဲ့လားကွာ။
"ကျွန်တော်သွားတော့မယ်ဦးစိုး"
သူသောက်လက်စခွက်ကိုချကာထွက်လာခဲ့မိသည်။အရင်ရက်တွေကအမူးသောက်ပြီး ကောင်းကင်ကိုမေ့နိုင်ဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့တော့သူသောက်ချင်စိတ်မရှိတော့။ကိုယ်ကမမေ့နိုင်လည်း မေ့နိုင်တဲ့လူကမေ့ပြီးပျော်နေပြီမလို့။
YOU ARE READING
ချစ်ခြင်းတရားဖြင့်လင်းလက်စေ
Romance-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ်ကျွံနေခဲ့ပြီ။ -ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်...