The End

7.8K 284 10
                                    

Zawgyi

တစ်နေကုန်ကားမောင်းထားရသည့်အရှိန်ကြောင့်လူက အိပ်ရာနှင့်ကျောထိရုံနှင့်ပင် အိပ်စက်ခြင်းခရီးကိုအလျင်အမြန်ရောက်သည်။တစ်ချက်ချက်အသံပြုကာ အချိန်ခရီးကိုနှင်နေသည့် နာရီငယ်နှင့် စည်းချက်မှန်စွာထွက်ပေါ်နေသည့် အသက်ရှုသံနှစ်ခုသည်သာ တိတ်ဆိတ်သည့်ညကိုရုပ်လုံးဖော်လျက်....။

ဆဋ္ဌမအာရုံ၏နှိုးဆော်မှုကြောင့် အိပ်ပျော်နေသည့်အာကာပိုင်၏ခန္ဓာကိုယ်ကလွန့်လူးလာရသည်။ကျောပေးထားသည့် နောက်ကျောဘက်ဆီမှခံစားမိနေသည့်တစ်စုံတစ်ရာအသိကြောင့်ထောင်ထလာသည့် ကြက်သီးမွှေးညင်းလေးတွေက လက်နှစ်ဖက်တွင်အစီအရီ။

နောက်ကျောဘက်ဆီမှတစ်စုံတစ်ယောက်စိုက်ကြည့်နေဟန် ခံစားမိ၍တိုးဝင်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် သတ္တိအချို့ကို မရမကဆွဲထုတ်ကာ အရဲစွန့်၍ ထိုအရာဆီသို့လှည့်ကြည့်မိသည်။မအိပ်ခင်ကထွန်းထားခဲ့သည့် ခပ်မှိန်မှိန်ဖြစ်နေသော ပြာလဲ့လဲ့မီးရောင်အောက်တွင်မြင်တွေ့လိုက်ရသည့် အရာကြောင့် လူကအိပ်ရာပေါ်မှအလိုလိုထထိုင်မိသည်။

"ကောင်းကင်."

ခပ်မှိန်မှိန်မီးရောင်အောက်တွင် အနောက်နံရံကိုမှီကာ ကျွန်တော်ရှိရာဆီသို့မမှိတ်မသုန်စိုက်ကြည့်နေသည်က ကောင်းကင်ရယ်...။

"မဖွင့်နဲ့.."

အရက်နာကျလျှင်ဖြစ်တတ်သည့်ကောင်းကင်၏ ဥာဉ်ဆိုးတစ်ခုကိုသတိရမိ၍ အခြေအနေကိုရှင်းရှင်းလင်းသိနိုင်ရန် အခန်းမီးကိုဖွင့်ဖို့ကြံရွယ်မိသည့် ကျွန်တော့်ရဲ့လက်တွေက ကောင်းကင်၏စကားတစ်ခွန်းနှင့်ပင် လေထဲတွင်ရပ်တန့်ကုန်သည်။

မှိန်ပြပြမီးရောင်အောက်တွင်ထိုင်နေသည့် ကောင်းကင်နားသို့ကျွန်တော်ရောက်သွားသည်အထိ ကောင်းကင်၏မျက်လုံးတွေက ကျွန်တော့်ထံတွင်သာမြဲမြံလျက်....။

ညဦးပိုင်းတုန်းကဝတ်ပေးထားခဲ့သည့် စွပ်ကျယ်အဖြူ နှင့်ဒူးထိမရောက်တရောက်ဖြစ်နေသော ဘောင်းဘီရယ်က ညမီးရောင်ပြာလဲ့လဲ့အောက်တွင် ဆွဲဆောင်မှုတစ်မျိုးကိုဖြစ်စေလျက် ကျွန်တော့်ရင်ဘက်အတွင်းရှိအကောင်ငယ်ကို ကကြိုးခုန်စေသည်။

ချစ်ခြင်းတရားဖြင့်လင်းလက်စေWhere stories live. Discover now