Zawgyi
အချိန်ကနံနက် ၆ နာရီဝန်းကျင်ဆိုပေမယ့် ပိတ်ကြပ်စပြုနေသည့် ကားလမ်းကြောင့် နံနက်ခင်းလေပြေညင်းကိုလည်း အပြည့်အဝမခံစားရ။ဆောင်းအကုန်နွေအကူးပေမို့ နွေရာသီ၏ မိတ်ဖက်ချွေးရည်စက်ငယ်တို့ကလည်း အာကာပိုင့်နှဖူးစပ်တွင် အစီအရီ။
ဆေးရုံဝင်းထဲသို့ကားကိုချိုးကွေ့ဝင်ရင်း ဘေးခုံမှာရှိနေသည့် သုံးဆင့်ချိုင့်ငယ်လေးကိုလည်း ပြုတ်မကျအောင်သတိထားရသေးသည်။
မမခြယ်၏အဖေက ဆေးရုံတွင်နှစ်ရက်ထပ်နေရသည်မို့ မိန်းမသားတွေပဲရှိသည့်မမခြယ်တို့သားအမိကြောင့် ကောင်းကင်ကညဘက်ဆေးရုံတွင်လူနာစောင့်၍အိပ်ပေးရသည်။ဒီတော့လည်း "တစ်နွယ်ငင်တစ်စင်ပါ"ဆိုသလို ကောင်းကင်ပင်ပန်းမှာကိုကြည့်မနေနိုင်သည့် ကျွန်တော်ကပဲ ကောင်းကင်အတွက် မနက်စာကိုတာဝန်ယူရသည်။
အခုလည်း မနက်စောစောကောင်းကင်တို့အိမ်ကိုဝင်ကာ ကြီးကြီးလုပ်ပေးထားသည့် နန်းကြီးသုပ်ကိုဝင်ယူ၍ ကောင်းကင်ထံထွက်လာခြင်း..။နံနက်စောစောပေမယ့် ဆေးရုံထဲတွင်တော့ တာဝန်ကျဆရာမလေးတွေနှင့် လူနာတစ်ချို့ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။မစည်ကားသင့်သည့် နေရာတွင်စည်ကားနေသည့် ဆေးရုံတွင်းမှလူနာတစ်ချို့၏ခပ်နွမ်းနွမ်းမျက်နှာများကိုကြည့်ရင်း သက်ပြင်းချမိသည်ကအခါခါ...။
ချိုင့်တစ်လုံးကိုဆွဲရင်း ကောင်းကင်ရှိရာအခန်းဆီသွားနေသည့်ကျွန်တော့်ကို ရှေ့တည့်တည့်ကလာနေသည့် ဂျူတီကုတ်အဖြူ ရောင်နှင့်ဆရာဝန်မလေးက မျက်မှောင်ကုပ်၍ကြည့်နေသည်။ထိုဆရာဝန်ပေါက်စကသူ့ကိုသိပ်ပြီးအမြင်မကြည်တာကိုသိသည်မို့ ဒီနေ့တမင်စောစောလာခဲ့ကာမှ ခုလိုတည့်တည့်တိုးနေခြင်း......။
"ဒီလိုတောက်တိုမယ်ရလုပ်ပေးနေရတဲ့ဘဝကို သိပ်ပြီးကျေနပ်နေတာလား"
မမကြီးပြောလာသည့်စကားတွေကကျွန်တော့်အတွက်တော့အရင်လိုသိပ်ပြီးမခံစားရတော့ပါ။ပွင့်ပွင့်လင်းလင်းမရှိသည့် ကောင်းကင်နှင့်ကျွန်တော့်ရဲ့ဆက်ဆံရေးကြောင့် မမကြီးကတွေ့တိုင်းအခုလိုပဲ ခနဲ့တဲ့တဲ့စကားလုံးတွေနှင့် ကျွန်တော့်ရင်ကိုဗုန်းကြဲမြဲမို့...။
YOU ARE READING
ချစ်ခြင်းတရားဖြင့်လင်းလက်စေ
Romance-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ်ကျွံနေခဲ့ပြီ။ -ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်...