Zawgyi
အာကာပိုင်တစ်ယောက် ရေချိုး၍အဝတ်အစားလဲပြီးသည်အထိ မမကြီးကမပြန်သေး။မနက်ကတည်းကသူနေသည့်နေရာကို ရောက်လာကာ အိမ်ကိုပြန်လာရန်ပြောနေသည်က တစ်မနက်လုံး။အခုလည်း ဆိုဖာပေါ်တွင် စာအုပ်ဖတ်ကာထိုင်စောင့်နေသည့်ပုံက သူမပါဘဲနှင့်ပြန်မည့်ပုံမပေါ်။အတော်ကိုခေါင်းမာလွန်းသည့်အစ်မပင်။ဘယ်သူ့ကိုတူလို့ ဒီလောက်ခေါင်းမာနေရသည်မသိ။
"ဟူး.."
သူသက်ပြင်းကိုချ ခေါင်းကိုဖွပြီး မမကြီးရှေ့တွင်သွားထိုင်လိုက်သည်။ဒီနေ့ကတကယ်ကို သူ့အတွက် ကံမကောင်းသည့်နေ့ပါပဲ။
ဒီနေ့ကကောင်းကင်စေ့စပ်သည့်နေ့။မနေ့ညကစိတ်ညစ်ညစ်နှင့်သောက်တာများသွားသည့်အတွက် လူကလည်းစိတ်သိပ်မကြည်နေ။အပြီးတိုင်စွန့်လွှတ်လိုက်ရတာ မဟုတ်ပေမယ့် ဒီစေ့စပ်ပွဲကတင်သူ့ရင်တစ်ခုလုံးမွကြေဖို့လုံလောက်နေပါပြီ။တကယ်တမ်း အပြီးအပိုင် သူများလက်ထဲထည့်လိုက်ဖို့ကိုတော့ သူတွေးတောင်မတွေးရဲ။
"နင်တကယ်ပဲ အိမ်ကိုပြန်မလာတော့ဘူးလား..ကာကာ"
"မမကြီး ဒီကိုလာတာဖေဖေသိလား"
သူ့စကားကြောင့် မမကြီးမျက်နှာက သိသိသာသာပင်ပျက်သွားသည်။အဟက်...ဒါကလည်းသူကြိုတွေးထားပြီးသားပါ။စိတ်ကြီးလွန်းသည့်အဖေက သူ့ကို လွယ်လွယ်နှင့်တော့ခွင့်လွှတ်မှာမဟုတ်။ဒါကြောင့်လည်း.သူအိမ်ကိုမပြန်ချင်တာပင်။
"မမကြီး ပြန်လိုက်ပါတော့၊တော်ကြာဖေဖေမေးရင်ဖြေရခက်နေလိမ့်မယ်"
သူတို့သားအဖကြားမှာ မမကြီးကိုအခက်မတွေ့စေချင်ပါ။သူအခုချိန်ပြန်လိုက်သွားလို့လည်းအဆင်ပြေမှာမဟုတ်။နောက်တစ်ကြိမ်ဖေဖေနှင့်ပြဿ နာဖြစ်ရမှာ၊ဖေဖေ့ရဲ့ ရွံရှာနေဟန်မျက်လုံးတွေနှင့်အကြည့်ခံရမှာထက် ဒီမှာနေတာက သူ့အတွက်ပိုကောင်းပေလိမ့်မည်။
"နင်တကယ်ပဲ ဒီလိုတွေလုပ်နေတော့မှာလား ကာကာ၊ဒီနေ့က ကောင်းကင်ရဲ့ စေ့စပ်တဲ့နေ့မလား၊ဖေဖေနဲ့ ဒီလောက်အတိုက်အခံတွေလုပ်ထားတာက ဒီလိုသူ့ကို သူများလက်ထဲထိုးပေးလိုက်ဖို့လား"
YOU ARE READING
ချစ်ခြင်းတရားဖြင့်လင်းလက်စေ
Romance-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ်ကျွံနေခဲ့ပြီ။ -ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်...