အခန်း(၃)

6.1K 381 4
                                    

          Zawgyi

              လူတစ်ယောက်က လူတစ်ယောက်ကို ဘယ်လောက်ထိချစ်ပေးနိုင်လဲဆိုတာသူမသိ။သူကတော့ ကောင်းကင်ကို သူအသက်ရှင်နေသမျှကာလတစ်လျှောက်လုံးချစ်ပေးနိုင်သည်။သူ့တစ်ဘဝလုံး ကောင်းကင်ကိုပဲကြည့်ပြီး ကောင်းကင်အတွက်ပဲစဉ်းစားနေချင်သည်။

            သူကောင်းကင်ကို ဘယ်အချိန်ကစပြီးချစ်မိခဲ့လဲ သူမသိ။သူကောင်းကင်ကို ချစ်နေတယ်ဆိုတာသတိထားမိသည့်အချိန်မှာ သူ့ဘဝရဲ့နေ့ရက်တွေက ကောင်းကင်နှင့် အစပြု ပြီး ကောင်းကင်နှင့်အဆုံးသတ်နေခဲ့ပြီးပြီ။

            သူကောင်းကင်အတွက်ဆို အရာရာလိုက်လျောပေးနိုင်သည်။အစွမ်းကုန်ချစ်ပေးနိုင်သည်။အရာရာကိုကောင်းကင်ရဲ့ဘေးကနေ မားမားမတ်မတ်ရင်ဆိုင်ပေးနိုင်သည်။အင်း...တစ်ခုပဲ။သူကောင်းကင်ကို ဖွင့်ပြောဖို့ကိုတော့သူတကယ်မလုပ်ရဲ။

           သူပတ်ဝန်းကျင်ကပြောမယ့် အပြစ်တင်ကဲ့ရဲ့စကားတွေကိုလည်းခံနိုင်သည်။မိဘတွေကိုလည်းသူရင်ဆိုင်နိုင်သည်။နောက်ဆုံး..ကောင်းကင်ရဲ့အမုန်းကိုတောင်သူရင်ဆိုင်နိုင်သည်။ဒါပေမယ့် ကောင်းကင်သူ့အပေါ်သနားမှာကိုတော့သူတကယ်ကိုမလိုချင်။ကောင်းကင်သူ့ကြောင့် တွေဝေရမှာ....စိတ်ထိခိုက်ရမှာမျိုးကို သူတွေးကြည့်ရုံနှင့်ပင် တကယ်ကိုမခံစားနိုင်။

           သံယောဇဉ်ကြီးတတ်သည့်ကောင်လေးက သူ့အပေါ်ဘယ်နည်းနှင့်မှ သံယောဇဉ်ဖြတ်နိုင်မှာမဟုတ်မှန်းသူသိသည်။သူတစ်သက်လုံး သူငယ်ချင်းလို ညီအစ်ကိုလိုပေါင်းသင်းလာသည့်လူက သူ့အပေါ်မရိုးသားမှန်းသူသိသွားလျှင် သူအကြီးအကျယ်စိတ်ထိခိုက်မှာအမှန်ပင်။

           ခံစားနေရမည့် ကောင်းကင်ရဲ့ပုံကိုတွေးကြည့်ရုံနှင့်ပင် သူ့နှလုံးသားတစ်စုံကနာကျင်ရသည်။သူ့ကြောင့်နှင့် ကောင်းကင်ကိုမခံစားစေချင်။ထို့ကြောင့် သူကောင်းကင်ကို ဒီတစ်သက်ဖွင့်ပြောဖြစ်တော့မှာမဟုတ်......။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

            ကောင်းကင်တစ်ယောက် ချွေးစို့နေသည့်နဖူးကို တစ်ရှူးနှင့်သုတ်နေရသည်ကအခါခါ။သူအခု ဒီဆိုင်လေးကိုရောက်နေရသည်က မမခြယ်၏ချိန်းဆိုမှုကြောင့်။စေ့စပ်ပွဲကို မေမေတို့က ရက်ရွေးပြီးသွားပေမယ့် ကာယကံရှင်တွေဖြစ်သည့် သူနှင့်မမခြယ်ကတော့ခုမှ နှစ်ယောက်တည်းအေးအေးဆေးဆေးတွေ့ဖြစ်တာပင်။

ချစ်ခြင်းတရားဖြင့်လင်းလက်စေWhere stories live. Discover now