အခန်း(၁၀)

5.4K 301 4
                                    

Zawgyi

ကိုယ်ချစ်မြတ်နိုးရသည့်လူတစ်ယောက်ကိုတခြားတစ်ယောက်နှင့် ပြုံးရယ်ကြည်နူးနေသည့်မြင်ကွင်းမျိုးကို အဘယ်သို့သောလူကကြည့်ရန် အင်အားရှိပါသနည်းဟု ကျွန်တော်တကယ်သိချင်မိသည်။

ကောင်းကင်နှင့်သူက တစ်ယောက်စိတ်ကိုတစ်ယောက်သိမြင်ပြီးဖြစ်သော်လည်း နှုတ်မှဖွင့်ဟဝန်ခံရန်ကိုတော့ နှစ်ယောက်လုံးမကြိုးစားဖြစ်။ကျွန်တော်တို့နှစ်ယောက်ဆက်ဆံရေးကအရင်ကလောက် ပွင့်ပွင့်လင်းလင်းမရှိတော့သော်လည်း အရမ်းကြီးလည်းဆိုးရွားမနေခဲ့။ကျွန်တော်ကလည်း ကောင်းကင်အိမ်ကို အရင်လိုသွားမြဲလာမြဲဖြစ်သလို ကောင်းကင်ကလည်း ကျွန်တော့တိုက်ခန်းလေးကို တစ်ခါတစ်လေ လာလည်တတ်သည်။

"ဟေ့ကောင်....ကာကာ"

မျက်စိရှေ့တွင်မြင်နေရသော ပြုံးရယ်နေသည့် ကောင်းကင်နှင့် မမခြယ်ကိုတမင်ရှောင်ထွက်လာခဲ့သော်လည်း ရှေ့တည့်တည့်မှပေါ်လာသည့်လူကြောင့်သူ့ခြေလှမ်းတို့က ရှေ့ဆက်ဖို့မဖြစ်နိုင်တော့။နောက်ဘက်ကိုမသိမသာလှည့်ကြည့်မိတော့ သူဆိုင်ထဲသို့ဝင်လာတုန်းက ပြုံးရယ်နေသည့် ကောင်းကင်နှင့် မမခြယ်တို့၏မျက်လုံးတွေက သူ့ထံတွင်။

ကောင်းကင်ရဲ့မျက်လုံးတွေကတော့ကျွန်တော့ကိုအခုမှတွေ့၍အံ့သြနေဟန် ဝိုင်းစက်နေသည်။

"ဟေ့ကောင်ကြီး....မင်းလည်းပျောက်လိုက်တာကွာ၊ဦးစိုးဆိုင်ဘက်တောင်ပေါ်မလာဘူး"

ကောင်းကင်တို့ထိုင်နေသည့်ဝိုင်းမှ အကြည့်ကိုအမြန်လွှဲကာ ကျွန်တော့လက်မောင်းတစ်ဖက်ကိုခပ်ဖွဖွထိုး၍နှုတ်ဆက်လာသည့် သော်ဇင့်ကိုပြုံးပြလိုက်သည်။

"အေး...ငါလဲ ခုရက်ပိုင်းဘယ်မှမသွားဖြစ်တာကွ"

"အေးကွာ......ငါတို့လဲမဆုံတာကြာပြီ၊တစ်ရက်လောက်ဆုံရအောင်ကွာ၊လာ...အထဲဝင်ထိုင်ရအောင်"

ခုချိန်ထိ ဆိုင်ပေါက်ဝတွင်ရှိနေသေးသည့်သူ့ကို သော်ဇင်က ဆိုင်တွင်းသို့အတင်းဆွဲခေါ်သည်။အမှန်က ကျွန်တော်ဒီဆိုင်တွင် တစ်ခုခုစားရန်လာခဲ့ခြင်းဖြစ်သော်လည်း ဆိုင်ပေါက်ဝကတည်းက ကောင်းကင်နှင့် မမခြယ်ကိုမြင်၍ သူတို့မမြင်ခင်လှည့်ပြန်ရန်သူကြိုးစားခဲ့ခြင်းပေ။ခုတော့သော်ဇင့်ကြောင့်သူ့ကို ကောင်းကင်တို့ကမြင်သွားလေပြီ။

ချစ်ခြင်းတရားဖြင့်လင်းလက်စေWhere stories live. Discover now