2013 ခုနှစ်
အဖြူ အစိမ်း ဝတ်စုံနှင့် ၁၄နှစ်အရွယ်ကောင်လေး
သူံးယောက်ဟာတက်တူးဆိုင်တစ်ခုရှေ့တွင် ၊
တစ်စုံတစ်ခုအား အကြိတ်အနယ် ဆွေးနွေးနေကြသည်။
ထိုထဲမှ မျက်မှန်နှင့် ဆံပင်ခပ်ရှည်ရှည် ကောင်လေးက ...."ငါတို့ သုံးယောက်လုံး နာမည်ပါတာ ဆိုရင်...
အာဏာမင်းဆက်
စိုင်းမင်းခွန်းသော်
မော်လမင်းဟန်......
Min !!!!!
ငါတို့ သုံးယောက်လုံး နာမည်မှာ Min ပါတယ် ...."ဟူ၍ ဝမ်းသာအားရ ပြောစဉ်၊
သူတို့ထဲတွင် အရပ်အရှည်ဆူံး ကောင်လေးက ....."မင်းတို့ တကယ် ဆုံးဖြတ်ပြီးပြီလား... ?"
ဟူ၍ စိတ်မပါစွာ ဝင်ပြောတော့ ၊ ကျန်တစ်ယောက်က
ထိုကောင်လေး စကားကို အရေးမစိုက်ပဲ...."Min ဆိုများတယ်... M တစ်လူံးထဲ ထိုးရအောင်..."
ဟုဝင်ပြောသည်။ထိုတော့မှ မျက်မှန်နှင့် ကောင်လေးက
"အေးနော်... လာလာ... အချိန်မရှိဘူး..."
ဟုဆိုကာ ကျန်နှစ်ယောက်ကို တက်တူး ဆိုင်ထဲသို့
ဆွဲခေါ်သွားလေသည်။..............
2017
"ဘယ်တစ်ယောက်လဲ...?"
တက္ကသိုလ်ကျောင်းဝန်း တစ်ခုထဲရှိ
ကျောင်းသားရေးရာ အဆောင်ထဲမှ
ထွက်လာသော ကောင်လေး နှစ်ယောက်အား
ရည်ညွှန်းကာ အာဏာမင်းဆက် မေးလိုက်တော့၊"အဖြူဝတ်ထားတဲ့ တစ်ယောက်... "
မော်လမင်းဟန်ပြောသည့် အဖြူဝတ်ထားသော
ကောင်လေးအား အကဲခတ်မိတော့၊ အသားညိုညို
ဆံပင် ခပ်ပြေပြေ ကောက်ကောက်လေးနှင့် မျက်နှာမှာ
အသက်အရွယ်ထက်ပိုငယ်ပုံ ပေါက်နေသော
ကောင်လေး...။"သူ့နာမည်က ထူးထူးသော်... ၊
ငါ မင်းကို အဲ့လောက်ပဲ ပြောမယ်၊
ကျန်တာ မင်းဘာသာ ဆက်လုပ်...၊
ငါသွားပြီ..."မော်လမင်းဟန် ထွက်သွားတော့ ထူးထူးသော် ဆိုသည့် ကောင်လေးအား ကြည့်ပြီး၊ အာဏာပြုံးလိုက်မိသည်။
ဒီငချွတ်လေးကို ငါ မရနိုင်ဘူးလို့ မော်က ဘာကြောင့် ထင်နေရသနည်း။

YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်