ထူးထူး အိပ်ခန်းထဲမှာ တစ်ယောက်တည်း
စာလုပ်နေရင်း စိတ်က ပါတစ်ဝက်
မပါတစ်ဝက်.။
မေမေ လက်ထပ်လိုက်လျှင်
ပြောင်းရတော့မည့် အိမ်အကြောင်း
တွေးနေမိသည်။ မေမေ လက်ထပ်မည့်
အမျိုးသားတွင် သားတစ်ယောက် ရှိပြီး
ထူးထူး တို့ ကျောင်းကပဲတဲ့... ၊
ခုမှ ကျောင်းတက်တာ တစ်လတောင်
မပြည့်သေးလို့ ဘယ်သူလည်း သိဖို့ မလွယ်လှ....၊
အသူရာကတော့ ဘယ်သူဆိုတာ
သေချာပေါက် သိလိမ့်မည်။ပြောရင်းဆိုရင်း အသူရာ့ဆီမှ ဖုန်းဝင်လာသည်။
"ဟယ်လို......"
"ထူး နင်ဘယ်မှာလဲ....?"
တစ်ဖက်မှ ဆူညံလှသော
တီးလုံး သံများကိုကြားနေရသဖြင့်
ဖုန်းနှင့် နားကိုတောင် ခွာလိုက်ရသည်။
မွေးနေ့ပွဲတစ်ခု သွားစရာ ရှိတယ်လို့
သူ ပြောထားတော့ အဲ့ကို ရောက်နေတာ ဖြစ်မည်။"ငါက အိမ်မှာပေါ့၊
နင် မပြန်လာသေးဘူးလား..၊
နောက်တောင် ကျနေပြီ..."ည ဆယ်နာရီထိုးနေပြီ ဖြစ်သည်။
"ငါ အခု bar ဆက်သွားမလို့...
နင်လာခဲ့ပါလား... ဒကာ ရှိတယ်
နင့်ကိုလည်း ခေါ်နေတယ်...."မွေးနေ့ရှင်က အလယ်တန်းကျောင်း
လောက်တုန်းက သူငယ်ချင်း ဖြစ်တာကြောင့်
ထူးနဲ့ကော အသူရာနဲ့ပါ ခင်သည်။
သို့သော် အဲ့လို လူများတဲ့ ရှုပ်ရှုပ်ယှက်ယှက်
နေရာတွေ ထူး မသွားတတ်သဖြင့် မလိုက်ဖြစ်တာ။"အာ.... ငါ မလာတော့ပါဘူးဟာ.... ၊
နင့်ဘာသာပဲ သွားပါ ..၊ မသောက်တော့
မသောက်နဲ့နော် အသူရာ၊
အပြန်ကော ဘယ်လိုပြန်မှာလဲ...?
နင့်ကို ဘယ်သူလိုက်ပို့မှာလဲ...?"ရှိတာမှ သူငယ်ချင်းက ဒါလေးတစ်ယောက်၊
ယွစိတက်လေး ဖြစ်နေတာကြောင့် စိတ်က မချချင်၊"ထူးရယ် အပြန် လိုက်ပို့မယ်လူ ဘယ်ရှိမှာလဲ....၊
အဲ့တာကြောင့် နင့်ကို ခေါ်တာပေါ့....
ငါ အန်တီ့ကိုတောင် ခွင့်တောင်းပြီးပြီ ၊
အန်တီကတောင် နင့်ကို လွှတ်တယ်...
လာခဲ့ပါဟာ.... နော်...."ထူးထူး စိတ်ပျက်မိသည်။
အဲ့လို နေရာတွေနှင့် အသားမကျ၊ မနှစ်သက်၊
ဒါပေမယ့်လည်း အသူရာ့ကိုလည်း
တစ်ယောက်ထဲ လွှတ်မထားနိုင်။
သူက ဘယ်လိုပဲ ယောက်ျားလေး ဖြစ်နေဦးတော့၊
နုနုထွတ်ထွတ် ချောချောလေးလေ၊
မတော်တရော် အကြံသမားနဲ့သာ တွေ့ရင်ဖြင့်....
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်