Part-13 (Unicode)

5.1K 454 5
                                    

July 2016

ပန်းချီပြခန်း တစ်ခုအတွင်းထဲသို့ ကောင်လေး
တစ်ယောက် ဝင်လာသည်။ နံရံတွင်
ချိတ်ဆွဲထားသော ပန်းချီကားများ အနက် ၊
ပန်းချီကားတစ်ခုက ထိုကောင်လေး ရဲ့
စိတ်အာရုံကို ဖမ်းစားလေသည်။

ကျောခိုင်းထားသော ကောင်လေး
တစ်ယောက်၏ ပုံ၊ လျှာထိုး ဦးထုတ်
အနီရောင်ကို ဆောင်းထားပြီး ၊ 
မိုးကာအင်္ကျီအနက်ရောင်ကို ဝတ်ဆင်ထားကာ၊
မိုးကာအင်္ကျီတွင်ပါသော ဦးထုတ်အား
လျှာထိုး ဦးထုတ်ပေါ်မှ ထပ်ဆောင်းထားလေသည်။
ထိုကောင်လေး၏ ဦးထုတ်ကို ကိုင်ထားသော
လက်တွင် M ဟူသော တက်တူးလေး
တစ်ခုရှိနေပြီး၊ မြင်နေရသော မျက်နှာ
တစ်ခြမ်းတွင် ပြုံးနေသော ထိုကောင်လေး၏
ပါးချိုင့်လေးက အထင်းသား....။

ဒီပုံကို အဝေးက လှမ်းကြည့်တာနှင့် ၊
မိမိ၏ ပုံဆိုတာ သေချာ လွန်းလို့
မော်လမင်းဟန် ငေးကြည့်နေမိသည်။

ဆွဲထားသူနာမည်အား ကြည့်လိုက်တော့
ထူးထူးသော် တဲ့...။

သင်တန်းကျောင်းတစ်ခုက သင်တန်းဆင်း
လူငယ်တွေ အတွက်၊ သီးသန့်လုပ်ပေးတဲ့
ပန်းချီ ပြခန်းလေးမှာ၊ ထူးထူးသော် ဆိုတာ
ဘယ်သူလဲ သိရအောင် လုပ်ဖို့ အတွက်က
ခဲယဉ်း လှသည့် ကိစ္စတော့ မဟုတ်ပေ။

.................

2017

တစ်ယောက်ထဲ ပျင်းတာနဲ့ ၀ရန်တာတွင်
ဖုန်းထွက်သုံးမိတော့ fb တွင် တက်လာသော
noti တစ်ခုကြောင့် မင်တက်သွားမိသည်။
လွန်ခဲ့တဲ့ တစ်နှစ်က ထူးထူး ရေးဆွဲထားသော
ပန်းချီကားလေး တစ်ချပ်အား fb page ပေါ်တွင်
တင်ထားခဲ့တာကို လူတစ်ယောက်က
like လုပ်ထားသည်။

ထိုသူက မော်လမင်းဟန်....!!

သူ like ထားတဲ့ ပုံကလည်း
သူ၏ ပုံ ဖြစ်နေတာကြောင့်.....၊

ဒုက္ခပဲ၊ သူတွေ့သွားတာလား၊
သူသိသွားပြီလား..?

အာဏာများပြောလိုက်တာလား...၊
မဖြစ်နိုင်ပါ.....
အာဏာလဲ ထိုပန်းချီကား
အကြောင်းသိမှ မသိတာ...။

ထူးထူး၊  မော်ရဲ့ accထဲ ၀င်ကြည့်မိတော့
ဘာမှ သိပ်တင်ထားတာ မတွေ့ရ ၊
profile လေးသာ မော့်ရဲ့ ပုံလေး ၊
ထူးထူး ရင်တွေ တုန်လာရသည်။
သူ ဘာလို့ like ပေးသွားတာလဲ... ?
ဘယ်လို ရှာတွေ့သွားတာလဲ...?
page မှာ တင်ထားတာလဲ တစ်နှစ်တောင်
ရှိနေပြီလေ။

ဒဏ္ရာWhere stories live. Discover now