Part-32 ( Unicode)

6.2K 478 2
                                    

မော် အာဏာ၏ တိုက်ခန်း ရောက်ရောက်ချင်း
တံခါးက ခပ်ဟဟ ပွင့်နေတာကြောင့် ဒီတိုင်း
၀င်လာခဲ့တော့...

"ဒီနေ့ ကို့နားမှာ နေပေးလို့ရမလား..?"

ကြားလိုက်ရတဲ့အာဏာမင်းဆက် အသံနှင့် အတူ
ဘေးတွင် ထိုင်နေသော ထူးထူးကိုပါ
တွေ့လိုက်ရသဖြင့် အံ့သြမင်တက်သွားသည်။
နှစ်ယောက်လုံးက ကျောပေးထားတာကြောင့်
မော်တို့ကို မမြင်နိုင်..။

"အင်း..."

ထူးထူးက ပြန်ဖြေလိုက်သောအသံ..။
ခွန်းသော် လက်သီး ကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားမိရင်း ဒေါသနဲ့ အတူ ဝမ်းနည်းမှု တွေပါ
ရောယှက်ပါလာသည်။

မင်းက ဒီမှာ လာပြီး သာယာနေတယ်ပေါ့
ထူးထူးသော်။

ခွန်းသော် အခန်းထဲ ဝင်မည် အလုပ် မော်က
လှမ်းတားကာ ခွန်းသော်အား အပြင်သို့
ခေါ်ထုတ်လာပြီး....

"ခွန်းသော်၊ ထားလိုက်ပါတော့ကွာ၊
ထူးထူး သူ့ဘာသာ သူ အေးဆေးနေပါစေ..."

"မင်း နားမလည်ပါဘူးမော်... ၊
သူ့ကြောင့် ငါချစ်ရတဲ့ လူတွေကို ဆူံးရှုံးခဲ့ရပြီး၊
သူကျတော့ သူချစ်တဲ့ လူတွေနဲ့...."

"တော်ပါတော့ ခွန်းသော်ရာ...၊
ထူးထူးက မင်းကို ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ၊
မင်းလုပ်ထားတဲ့ အပြစ်တွေကိုတောင်
သူခွင့်လွှတ်ပေးထားတာပဲလေ..."

ခွန်းသော် ၊ မော့်အား မျက်နှာလွှဲသွားကာ... ၊
ဘာမှ ဆက်မပြောတော့ပဲ ထွက်သွားလေသည်။

.......

အပြင်က ခြေသံကြားလိုက်တာကြောင့်
ကြည့်လိုက်တော့ အခန်းတံခါးက ပွင့်ရက်သား ..၊
တစ်ယောက်ယောက်များ လာသွားတာလား.. ၊
ထူးထူး နေရာမှ ထကာ အပြင်ကိုကြည့်မိတော့
ဘယ်သူမှ မတွေ့..
ထိုကြောင့် တံခါးကို ပြန်ပိတ်လိုက်သည်။

နေရာတွင် ပြန်ထိုင်တော့ အာဏာက ထူးထူးရဲ့
ပေါင်ပေါ်သို့ ခေါင်းတင်ကာ၊ ကြမ်းပြင်ပေါ်တွင်
လှဲရင်း မျက်လုံးများ မှိတ်လိုက်သောကြောင့်
သူသက်တောင့်သက်တာ ဖြစ်စေရန် ထူး သေချာ
ထိုင်ပေးလိုက်သည်။

ဒဏ္ရာWhere stories live. Discover now