Part-44 ( Unicode)

7.6K 448 0
                                    

တီဗွီ ဖန်သားပြင်မှာ မြင်နေတဲ့
အာဏာမင်းဆက်အား ငေးစိုက် ကြည့်ရင်း
ထူးထူး ပြုံးမိပါသည်။

မိမိရှေ့စားပွဲပေါ်တွင် တင်ထားသော
ဖိတ်စာလေးအား ကြည့်ရင်း.....

"အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့လို့
ဂုဏ်ယူပါတယ် အာဏာ...."

ဟူ၍ တကယ်ကို လှိုက်လှိုက်လှဲလှဲပြောလိုက်မိသည်။

ထူး မရှိတဲ့ ဘဝမှာ နေကြည့်ပါ..။
ထူး မရှိတဲ့ ဘဝမှာ အာဏာ နေနေရင်းနဲ့၊
တစ်ချိန်ချိန်မှာ ထူးက အာဏာ့အတွက်
အရေးမပါတော့တဲ့ လူတစ်ယောက် ဖြစ်လာနိုင်သလို၊
အာဏာ့အတွက် မရှိမဖြစ် ဆိုတဲ့
လူတစ်ယောက်လဲ ဖြစ်လာနိုင်တယ်။

ထူး အတွက်ကတော့ အချိန်တွေ လိုသေးတယ်၊
နောက်ထပ် ဒဏ်ရာတွေ ထပ်မရဖို့၊
ထူးကိုယ်ထူး ကာကွယ်ရမယ်၊
အဲ့တာက အာဏာ့ကို မချစ်တော့လို့
မဟုတ်ဘူး အာဏာ၊ အရမ်းချစ်ခဲ့လို့၊
ဒါ့ထက်ပိုပြီးမုန်းမိသွားမှာ စိုးလို့ပါ။

................

"ထူးထူး..."

အခန်းထဲသို့ ဦးသန့်ဇင်ဝင်လာတာကြောင့်
ထူးထူး တီဗွီကို ပိတ်လိုက်ကာ ထိုင်ခုံတွင်
မတ်မတ် ထိုင်လိုက်တော့
ဦးသန့်ဇင်က ဝင်ထိုင်ပြီး ...

"သား တကယ်ပဲသားရဲ့ ဝါသနာကို စွန့်လွှတ်ဖို့
ခက်ခဲနေလား..?"

ဦးသန့်ဇင် အမေးကို ထူးထူး ဘာဖြေရမှန်းမသ်ိ၊
အာဏာက ဦးသန့်ဇင်အား စကားသွားပြော
ကြည့်ထားတယ်ဆိုတော့၊ ထူးကိုများ ဆူမလို့လား...။

ထူး ခေါင်းငုံ့နေမိတော့... အန်ကယ်က ဆက်၍

"သားဝါသနာကို
သား ဘယ်လောက်ထိ ရူးသွပ်လဲ...?"

ထူးထူး ပြန်မဖြေဖြစ်ပါ။

"အာဏာမင်းဆက်ကပြောတယ်...၊
သားဝါသနာအပေါ် သားဘယ်လောက်ထိ
ရူးသွပ်တဲ့ အကြောင်း....၊
သားကို အလုပ်ခေါ်စာတွေ အချိန်နဲ့
တစ်ပြေးညီ ရောက်လာတဲ့ အကြောင်း...၊ "

အန်ကယ် ဆူတော့မည့် အချိန်ကို
ထူးငြိမ်သက်စွာစောင့် နေမိသည်။

"ခွန်းသော်ကို ပြောသလိုပဲ၊
အရေးမပါတဲ့ အရာတွေ မှာ တော်နေဖို့
မလိုဘူးလို့ အန်ကယ် သူ့ကို ပြောလိုက်တော့..."

ဒဏ္ရာWhere stories live. Discover now