Part-21

5.7K 420 5
                                    

"ထူး နင် အာဏာနဲ့ တွဲနေတာတော့
မဟုတ်ပါဘူးနော်...."

ကျောင်းရောက်ရောက်ချင်း အာဏာ့
ကားပေါ်မှ ဆင်းလာသော ထူးထူးကို အသူရာက
မေးခွန်းထုတ်လေသည်။

"မဟုတ်ပါဘူး..."

"အဲ့တာဆို ဘာလို့ သူနဲ့ တူတူ ကျောင်းကို
လာတာလဲ...၊.လမ်းကြုံလို့တော့ မပြောနဲ့နော်..၊
ဟွန်းဟွန်း... ပြောစမ်း..
နင် ငါ့ကို ဘာတွေ လျှိုထားလဲ ...?"

အသူရာ့ကိုသာ အာဏာမင်းဆက်တို့
သုံးယောက်၏ ပြိုင်ပွဲ အကြောင်းကို
ပြောပြလိုက်လျှင် ဂရူးမူးထိုး ဖြေရှင်းမယ်ဆိုတာ
ထူးထူးသိနေသဖြင့် မပြောပြဖြစ်....

ထို့ကြောင့် တစ်ယောက်ထဲ ကြိတ်ခံကာ
တစ်ယောက်ထဲ ကြိတ်၍ ဖြေရှင်းဖို့ပဲ
စဉ်းစားထားသည်။

သူတို့သူံးယောက်လူံး ထူးကို ဟန်ဆောင်
ဆက်ဆံနေတာတွေ သိရတော့ ရင်ထဲမှာ
နာကျင်ရသော်လည်း၊ ထူးထူး သူတို့ကို
ဘာမှမပြောဖြစ်...၊ ထူးထူး သိနေတယ်ဆိုတာလဲ
မသိစေရပဲ...၊ အာဏာမင်းဆက်ကိုရော၊
မော်လမင်းဟန်ကိုပါ အလိုက်အထိုက် ဆက်ဆံကာ ဘယ်လောက်အထိ လိမ်နိုင်ကြမှာလဲ
စောင့်ကြည့်နေမိသည်။ သူတို့တောင်
ဟန်ဆောင်နိုင်တာ ထူးထူးလဲ
ဟန်ဆောင်နိုင်ရမှာပေါ့ ..။

"မလျှိုထားပါဘူး ဟာ...၊
ငါသူ့ကို စဉ်းစားပေးမယ်လို့တော့ ပြောလိုက်ပြီ..
ဒီလောက်ပါပဲ..."

"ဟယ် နင်ပြောလိုက်ပြီပေါ့..
ငါပြောတာမှန်နေပြီမလား..?
နင့်စိတ်ထဲမှာ သူရှိနေပြီလေ...
. အကြာကြီး ဆွဲမနေနဲ့ဟာ မြန်မြန်သာ
ပေးလိုက်တော့.. ဒါနဲ့ ဟို သြဇီကိစ္စကော
ပြောဖြစ်လား...?"

ထူးထူး ခေါင်းခါလိုက်ကာ.....

"အဲ့တာတော့ မပြောဖြစ်သေးဘူး.. ၊
ခုတော့ မပြောချင်သေးဘူး ၊
အဖြေတောင် မပေးရသေးပဲ
ပိုင်စိုးပိုင်နင်း နိုင်တယ် ထင်နေလိမ့်မယ်.."

"အင်း .. ဟုတ်တယ်နော်..."

ထူးထူး တို့ နှစ်ယောက် စကားစ
ခဏပြတ်သွားပြီးမှ

"ဟဲ့.. ထူးထူး ငါနင့်ကို မေးမလို့ မေ့နေတာ. ၊
နင် မော်လမင်းဟန် ပုံကို ထပ်ဆွဲထားတာလား..?"

ဒဏ်ရာWhere stories live. Discover now