Part-29 (Unicode)

5.8K 466 4
                                    

"သား သတိရပြီလား...?."

မျက်လုံး ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မေမေက
မျက်ရည်တွေဝဲပြီး ထူးထူးကို ကြည့်နေသည်။

"မေမေ တောင်းပန်ပါတယ် သားရယ်...."

ထူးထူး လက်ကို ဆုပ်ကိုင်ကာ
ငိုနေသဖြင့် ထူးထူး လှဲနေရာမှ ထမည် လုပ်တော့...

"ဖြည်းဖြည်း ထ သားလေး..."

မေမေက ထူးထူးကို ထူပေးစဉ် အသူရာ့ကို
ရှာမိတော့မတွေ့...။ မိမိ လှဲနေတဲ့ကုတင်ကို
မြင်တော့မှ ဆေးရုံတစ်ခုကို ရောက်နေမှန်း
သိတော့သည်။

"ထူး ဆေးရုံရောက်နေတာလား...?."

"ဟုတ်တယ် သားလေး.. ၊
သားလေး ကျောင်းမှာ မူးလဲ လို့လေ... ၊
သားရယ် မေမေနဲ့ အိမ်ပြန်လိုက်ခဲ့ပါနော်..
မေမေ တောင်းပန်ပါတယ်...."

ထူးထူး မေမေရဲ့ မျက်ရည်တွေကို
မြင်နိုင်စွမ်းမရှိပါ...။ထို့ကြောင့် ခေါင်းလဲ
မညိတ် ခေါင်းလဲ မခါမိ..
ပြန်မလိုက်သွားလဲ နေစရာမှ မရှိတာလေ...။
အသူရာ့ကိုလဲ အားနာလှပြီ ဖြစ်သည်။

"ထူး ဆေးရုံမှာ ဘယ်လောက်နေရဦးမှာလဲ..?
မေမေကောအားရဲ့လား...?."

"ဒီပုလင်းကုန်ရင် ဆင်းလို့ရပြီသား...၊
မေမေက အားတာပေါ့.. သားအတွက်ဆို
မေမေက အမြဲအားတယ်..."

သားအတွက်ဆို အမြဲအားတယ်တဲ့...။
ဒါဆို မွေးနေ့ တုန်းက ဘယ်ရောက်နေလဲ
မေးချင်လိုက်တာ မေမေ ရယ်.. ။

ဘယ်အရာကိုမှ ပွင့်ပွင့်လင်းလင်း မပြောတတ်ပဲ
ကိုယ့်အမေကိုယ်တောင် စိတ်ချမ်းသာစေချင်တဲ့
စိတ်နဲ့ အားနာနေတတ်တဲ့ ထူးထူးသော်၊
ငါ တော်တော် ညံ့ပါလား...။

အခန်းထဲကို အသူရာဝင်လာတော့မှ
ပျော်သွားမိသည်။

"ဟယ် ထူး သတိရနေပြီလား...?
နင်တော့နော်.၊ ငါ ရိုက်ချင်တယ်.. ၊
မလိုက်ပါနဲ့ လို့ အတန်တန် ပြောနေတာကို...."

ထူးထူး ပြုံးလိုက်သည်။ သူသာ အနားမှာ
မရှိရင် ထူးထူး ဘာတွေ ဆက်ဖြစ်နိုင်လဲတောင်
မသိတော့...၊ သူရှိနေလို့ သာ ထူးထူးအတွက်
အားအင်တွေ ရနေခဲ့တာ။

ဒဏ္ရာWhere stories live. Discover now