ချမ်းရဲတို့ အာဏာ့ အိမ်က ပြန်ခဲ့တော့
ဝတ်ရည်က တစ်ရှုံ့ရှုံ့ငိုကာ......"ကိုကို သနားပါတယ် လေးလေးရယ်.. ၊
သူ ဘယ်လောက် တောင် ရှက်ပြီး ၊
ဘယ်လောက်တောင် ခံစားလိုက်ရမလဲ..
ဦးမင်းက ရက်စက်လိုက်တာနော်..."ချမ်းရဲ ဘာမှ ပြန်မပြောဖြစ်.. ၊
အာဏာရဲ့ ခံနိုင်ရည်အားကို
ချီးကျူးမိတာတော့ အမှန်ပင်..။"နောက်ဆို သူတို့နဲ့ လုံး၀ မပက်သက်တော့ဘူး..၊
ဒယ်ဒီ့ကိုလဲ ပြောရမယ်..."အရွယ်တူပေမယ့် ကလေးသာသာ
ဝတ်ရည်လေးနဲ့တော့ကွာခြားချက်... ၊
ချမ်းရဲတို့ မောင်နှစ်မ သုံးယောက်ရှိသည့် အနက်
အာဏာ့အမေက အကြီးဆုံး အမ ၊
ဝတ်ရည် အမေက အလတ်ဖြစ်ပြီး၊
ချမ်းရဲက အငယ်ဆုံးဖြစ်သည်။
ခုတော့ အမ နှစ်ယောက်လုံး
အရွယ်မတိုင်ခင်ဆုံးပါးသွားတော့ ၊
ချမ်းရဲတစ်ယောက်သာ ကျန်ခဲ့တော့သည်။
ဝတ်ရည် အမေ အမလတ်က ဝတ်ရည်ကို မွေးပြီး၊
သိပ်မကြာခင်မှာ ဆုံးပါးသွားခဲ့သော်လည်း
အဖေရဲ့ အချစ်ကိုတော့အပြည့်အဝရထားတဲ့
တစ်ဦးထဲသော သမီးလေး ဖြစ်သည်။ချမ်းရဲကတော့ သူတို့နဲ့ ဆယ်နှစ်ယောက်သာ
ကွာတာမို့ ဝတ်ရည်တို့အတွက် အကိုလို ၊
ဦးလေးလိုဖြစ်နေသည်။
ချမ်းရဲကလဲ ဒီကလေးနှစ်ယောက်ပဲ
သံယောဇဉ် တွယ်စရာရှိတာဆိုတော့
သူတို့နားမှာနေရင်းနဲ့ပဲ ဘဝကို
ဆက်သွားမည်ဟု ဆုံးဖြတ်ထားသည်။............
"သား ရက်လည်ကော မလိုက်တော့ဘူးလား..?
ခွန်းသော်လည်း သွားမယ်ထင်တယ်..."ထမင်းစားဝိုင်းတွင် မေမေ့အမေးကို ထူးထူး
ခေါင်းခါလိုက်ကာ...."မလိုက်တော့ပါဘူး မေမေ..."
ထူးထူး ဘယ်လိုစိတ်နဲ့ အာဏာမင်းဆက်နဲ့
မျက်နှာချင်း ဆိုင်ရမှာလဲ...ဒေါ်အိငွေ ထူးထူးရဲ့ မှိုင်နေတဲ့ မျက်နှာကို
သေချာ ကြည့်နေမိသည်။ အရင်က
အာဏာဆိုတဲ့ကလေးနဲ့ ကျောင်းအတူသွား ၊
အတူပြန် လုပ်နေရင်းက နေ့ခြင်း ညခြင်း
သူစိမ်းတွေလိုဖြစ်သွားတာ...၊
ရန်များ ဖြစ်ထားကြလား မသိ...။
သား မျက်နှာ မကြည်လင်တော့
စိတ်ထဲ ဘဝင်မကျ..။

YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်