Part-12

5.5K 436 6
                                    

"သား ဒီအလုပ်ကို ဆက်မလုပ်နဲ့တော့...."

"ဗျာ..."

မနက် အလုပ်မသွားခင် breakfast စားတော့
မေမေနဲ့ ထူးထူး နှစ်ယောက်ထဲ ရှိနေချိန်တွင်
မေမေ ပြောလိုက်သော စကားကြောင့်
ထူးထူး အံ့သြသွားသည်။
ထူး အလုပ်လုပ်နေတာကို မေမေက
ဘယ်လို သိသွားတာလဲ...?

"သား ကျောင်းပိတ်ရက်
အလုပ် ထွက်ထွက် လုပ်နေတယ်ဆိုတာ
မေမေသိပြီးသွားပြီ.... မေမေတကယ်
စိတ်မကောင်းဘူး...သား...၊
ခုတော့ ဆက်မလုပ်ပါနဲ့တော့....
မေမေ ခွင့်မပြုနိုင်ဘူး...."

ခွန်းသော် လှေကားက အဆင်း..၊
ခြေလှမ်းတွေ ရပ်တန့်သွားကာ
ဒေါ်အိငွေသော်က သူ့သားကိုပြောနေတဲ့
စကားသံကိုနားစွင့်နေမိသည်။

"ဘာလို့လဲ မေမေ....? "

"သားရယ်... သားက အခု ဘာတွေများ
လိုအပ်နေတော့လို့လဲ...၊ မေမေ သားကို
ကောင်းကောင်းနေ ကောင်းကောင်းစားရအောင်
လုပ်ပေးထားတာပဲလေ...၊
သား အဲ့အလုပ်တွေ လုပ်နေတာ
မေမေ ဘယ်လိုလုပ်ကြည့်ရက်နိုင်မှာလဲ....?"

"မေမေရယ်... သား မဟုတ်တာ
လုပ်စားနေတာမှ မဟုတ်တာ...၊
အဲ့အလုပ်က အရမ်းလည်း မပင်ပန်းပါဘူး....၊
သားပန်းချီ ပစ္စည်းတွေက ဈေးကြီးတော့
မေမေ့ကို အပူမကပ်ချင်လို့ပါ...."

"တော်ပြီသား...၊ သား လိုချင်တာ ရှိရင်
မေမေ့ကိုပြော...၊ ခုချိန်မှာ သားပညာရေးကိုပဲ
အာရုံစိုက်ပါ...၊ သားလိုတဲ့ ပန်းချီ
ပစ္စည်းတွေ အားလုံးကိုမေမေ ၀ယ်ပေးမယ်...၊
မေမေ လုပ်ပေးနိုင်တယ်သား...."

လုပ်ပေးနိုင်တယ် ဆိုပဲ ... ၊
ခွန်းသော် ခပ်ရွဲ့ရွဲ့ တစ်ချက် ပြုံးကာ
အပေါ်ကို ပြန်တက်လာခဲ့သည်။
တော်တော်လည်း လည်တဲ့ မိန်းမကြီးပါလား။
သူ့ သားအတွက် ရသမျှ အကုန်ယူမည့်
သဘောရှိသည်။ ဒယ်ဒီ့ ရှေ့တွင်တော့
ရိုးသားသယောင်နဲ့။
ကြောက်ဖို့ ကောင်းလိုက်တာ..။

"ဦးသန့်ဇင်ရဲ့ ပိုက်ဆံတွေနဲ့လား မေမေ....?"

ထူးထူး နာကျင်စွာ ပြောလိုက်မိသည်။
မေမေရဲ့ မျက်နှာလေး ဘာလို့ အရင်လို
မအေးချမ်းရတာလဲ။ မေမေ ဘာလို့
သူများဆီက ငွေတွေကို မာန မရှိနိုင် အောင်
သုံးနေနိုင်ရတာလဲ...။

ဒဏ်ရာWhere stories live. Discover now