"ဘာစားချင်လဲ...?..."
အာဏာ့အမေးကို ထူးထူး ဘာဖြေရမှန်းမသိ၊
ဗိုက်သာဆာနေတာ ဘာစားချင်မှန်းကိုမသိတာလေ။"ကောင်းမယ် ထင်တဲ့ ဆိုင်ပဲ ဝင်လိုက်မယ်နော်..."
"ဟုတ်..."
လမ်းမှာ စားသောက်ဆိုင်တွေ အများကြီး
တွေ့သော်လည်း၊ သူကောင်းမယ်လို့ ထင်တဲ့
ဆိုင်ကို တော်တော်ကြီးကိုရှာ ယူလိုက်ရပြီး၊
နောက်ဆူံး နာရီဝက်လောက်အကြာမှ
ဆိုင် တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ကာ....."ဘဲကင် ကြိုက်တယ်မလား...?"
ဟူ၍ မေးလေသည်၊
ထူးထူး ခေါင်းညိတ်လိုက်သည်။
တစ်ယောက် ဘာကြိုက်လဲ
တစ်ယောက် မသိသော အခြေအနေ သည်၊
တကယ်ကို သူစိမ်းဆန်နေကြမှန်းသိသော်လည်း၊
ခုလို အခြေအနေကလဲ ဘာမှန်းကို
ထူးထူး သေချာမသိတော့၊သူနဲ့ ထူးထူးက ဘာလဲ...? ။
............
ထိုညက ထူးထူး တော်တော်နဲ့ အိပ်မရ.. ၊
သူလဲ အိပ်ပျော်သေးပုံမပေါ်.. ၊
ကုတင်ပေါ်တွင် ဟိုဘက်လှည့်လိုက် ၊
ဒီဘက်လှည့်လိုက်နှင့်..."ထူး..."
အာဏာ့ကို ကျောပေးထားတာကြောင့်
သူ့အသံကြားလိုက်တော့ မျက်လုံးတို့ ဖွင့်ကာ
ဘာပြောမလဲ စောင့်နေမိသည်။သူက အိပ်ရာမှ ထလိုက်ပုံရသည်။
ကုတင်လှုပ်သွားပြီး..."ထူး အိပ်မပျော်ဘူးလား.....?"
ထူးထူး အာဏာ့ကို လှည့်ကြည့်တော့လိုက်တော့
သူက ကုတင်ပေါ်တွင် ထိုင်ရက်နဲ့ထူးထူးကို
ကြည့်ကာပြောနေသည်။ထူးလဲ ထထိုင်လိုက်ကာ...
"ဟုတ်တယ်..
တစ်နေကုန်အိပ်ထားလို့ ထင်တယ်... ""အင်း....."
အခန်းထဲတွင် မီးတစ်လုံးမှ မဖွင့်ထားသော်လည်း
အပြင်က မီးအလင်းရောင်က ပြတင်းပေါက်ကနေ
တစ်ဆင့် အခန်းထဲကို မှိန်ပြပြ ၀င်နေသဖြင့်
အာဏာ့၏ မျက်နှာကို ရှင်းရှင်းလင်းလင်း
မြင်နေရသည်။သူ ကုတင်ပေါ်က ဆင်းသွားကာ
ပြတင်းပေါက်နားသွားရပ်ပြီး
အပြင်ကို ငေးကြည့်နေရင်းက......
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်