Part-23 (Unicode)

5.6K 478 15
                                    

မနက်အိပ်ယာက နိုးနိုးချင်း၊ မိမိ
ဘယ်ရောက်နေလဲဆိုတာကို အသူရာ မနည်း
ပြန်စဉ်းစားယူရသည်။ ခဏကြာမှ၊
သတိရပြီး ကုတင်ပေါ်မှ ဆတ်ခနဲထလိုက်ကာ...၊

မနေ့ညက ဖြစ်ခဲ့တာတွေကို အလန့်တကြား
ပြန်စဉ်းစားရင်း၊ တစ်ဖြည်းဖြည်း ပြုံးလာမိသည်။
အသူရာ့ရဲ့ မွေးနေ့မှာပဲ စိုင်းမင်းခွန်းသော်အား
ပိုင်ဆိုင်ခွင့်ရခဲ့လေသည်။

"အသူရာ...."

ရေချိုးခန်းထဲမှ ထွက်လာသော ခွန်းသော်အား
အသူရာ မော့ကြည့်ရင်း...သူ့စိတ်များ
တစ်ခုခု ပြောင်းသွားမလား စိုးရိမ်မိသော်လည်း၊
သူက အပြုံးလေးနှင့် အသူရာ့နား ကပ်လာကာ..

"အသူရာ.. နိုးပြီလား..?"

ကုတင်ပေါ်တွင် ငုတ်တုတ်လေးထိုင်နေသော၊
အသူရာ့အား မေးလိုက်တော့ အသူရာ
ခေါင်းညိတ်ပြရင်း၊ ရုတ်တရက်
ရှက်လဲ ရှက်လာမိသည်။

"ကို့ဆီ လာပါဦး...."

သူက ကလေးတစ်ယောက်ကို ခေါ်သလို
လက်နှစ်ဖက်ကို ဆန့်တန်းကာ ခေါ်နေတာကြောင့်
အသူရာ ကုတင်ပေါ်မှ ထသွားလိုက်ကာ
သူ့အား ပြေးဖက်မိသည်။

သူ့ရင်ခွင်လေးတွင် နေရခွင့်ရသည်က
အသူရာ့ အတွက် အိမ်မက် တစ်ခုလိုပင်..

သူကလဲ အသူရာ့အား တင်းကြပ်စွာ
ပြန်ဖက်ပြီးနောက်၊

"အသူရာ...."

"ဟုတ်..."

"ကိုတို့နှစ်ယောက် ကိစ္စကို ခဏလောက်
ဘယ်သူ့ကိုမှ မပြောပဲ၊ ထားချင်သေးတယ်...."

ခွန်းသော်ဆိုလိုတာကို အသူရာ နားလည်ပါသည်။
အစောကြီးထဲက အသူရာလဲ ဘယ်သူ့ကိုမှ ပြောပြဖို့
အစီအစဉ်မရှိပါ။ အသူရာတို့ ကိစ္စကိုသာ
လူသိရှင်ကြားသိသွားခဲ့ရင်၊ ပတ်ဝန်းကျင် ရဲ့
ရိုက်ခတ်မှုဒဏ်ကို ခွန်းသော် ခံနိုင်လိမ့်မည်
မဟုတ်ဆိုတာ အသူရာ ခန့်မှန်းမိပါသည်။

"စိတ်ချပါ ခွန်းသော်...၊
အသူရာ လျို့ဝှက်ထားပါ့မယ်.."

"ကျေးဇူးပါပဲ....."

အသူရာ ၊ ခွန်းသော်အိမ်က ပြန်ခဲ့တော့ ၊
ထူးထူး မတွေ့အောင် ပြန်ရသေးသည်။
ရှေ့မှာ ဘာတွေ ဆက်ဖြစ်မည်ကို မသိသော်လည်း၊
ခုချိန်လေးမှာတော့ ပျော်ပျော်နေချင်သည်လေ။
အတွေးတွေအများကြီး တွေးရတာကို အသူရာ
ဝါသနာမှ မပါတာ။

ဒဏ္ရာWhere stories live. Discover now