ထူးထူး အခန်းထဲ ပြန်ရောက်တော့ အသူရာ
တစ်ယောက် မထလာသေး...။
၁၀နာရီ ပြန်ထွက်မှာဆိုတော့ ရေမိုးချိုး
အ၀တ်အစားလဲထားလိုက်သည်။
ပြီးတော့ ခုနက ရိုက်ထားသည့် ပုံလေးကို
မော်က ပို့ပေးထားသဖြင့် ထူးထူး saveလိုက်ပြီး
add ထားသော မော့်အား လက်ခံလိုက်သည်။ပြီးနောက် မော်ရိုက်ပေးထားသည့်၊
ထူးထူး ပြူံးနေသည့် ပုံလေးအား
fb ပေါ်တွင် တင်လိုက်သည်။နေကြာပန်းခင်းကြီးကို ထပ်ပြီး
တစ်ဝကြီး ကြည့်နေချင်သေးသည်။ပုံတင်ပြီး အပြင်ထွက်ခဲ့တော့ မီးဖိုထဲတွင်
တစ်ယောက်ထဲ အလုပ်ရှုပ်နေတဲ့ ဦးစန်ရဲ့ တူ
ကိုစွမ်းကို တွေ့လိုက်ရသည်။
ထူးထူးလည်း ဗိုက်နည်းနည်းဆာနေတာနှင့်
ထိုနားကို ကပ်သွားမိတော့ ....
သူက ထူးထူးကို မြင်မြင်ချင်း...."ညီလေး... နိုးလာပြီလား....?
မနက်စာ စားတော့မလား... ?
ကိုကြီး ပြင်ပေးမယ်....."စားမယ် ပြောရင် ကောင်းမလား၊
မစားဘူး ပြောရင်ကောင်းမလား၊
ဟိုအဖွဲ့တွေ နိုးလာတာ စောင့်နေရင်
ကြာဦးမည် ထင်သည်။ထူးထူး တစ်ယောက်ထဲ စဉ်းစားနေတုန်းရှိသေး၊
သူက စားပွဲပေါ်တွင် ပန်းကန်ကိုချလိုက်ကာ.."မြီးရှည်လုပ်ထားတယ်... ၊
စားကြည့်နော်... လိုတာ ရှိရင်ပြော..""ဟုတ်..."
ထူးထူး သူချပေးသော ပန်းကန်ရှေ့တွင်
ထိုင်လိုက်ကာ...မြီးရှည်အား
မြည်းကြည့်လိုက်တော့၊ အရမ်းကို ကောင်းသည့်
အရသာ တစ်ခုကို ရလေသည်။"ကောင်းရဲ့လား ညီလေး.....?"
"ဟုတ် ... အရမ်းကောင်းတယ် အကို....."
ဟု ထူးထူး အားပါးတရပြောမိတော့
သူက ကျေနပ်သွားဟန်ဖြင့် ..."ဒါနဲ့ ညီလေးက တော်တော်
ငယ်ဦးမယ် ထင်တယ်..""ဟုတ် ..၁၇ ပြည့်ထားတာ၊
ဘာလို့လဲဟင်.....?""အော် ကလေး ရုပ်လေးမို့လို့ မေးကြည့်တာ..."
ကိုစွမ်း၏ စကားကြောင့် ထူးထူးရယ်လိုက်မိသည်။

YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်