အာဏာမင်းဆက် အကြောင်းကို တွေးရင်း
တစ်ယောက်ထဲ အပြင်မှာ ထွက်ထိုင်နေမိတုန်း...."ထူး...."
ထူးထူးကို အနောက်မှ ခေါ်သံကြောင့်
လှည့်ကြည့်လိုက်တော့ မော် ဖြစ်နေသည်။
မော်က ထူးထူးဘေး မတ်တပ်လာရပ်တော့
ထူးထူးလဲထိုင်နေရာမှ ထလိုက်ကာ....."မော် ရောက်နေတာလား...?.."
"မနေ့က မက်ဆေ့ပို့ထားတာ မရလို့လား..?"
"ဘယ် မက်ဆေ့လဲ...?"
ထူးထူး ဖုန်းလေးကို ယောင်ယမ်း
ထုတ်ကြည့်လိုက်တော့ မနေ့က
မော်ပို့ထားတဲ့စာကို ခုမှ တွေ့သည်။(သင်တန်းသွားရင် ကို့ကားယူသွားလိုက်နော်..၊
အနောက်မှာ ထိုးထားတယ်.. ကားသော့က
ဦးမောင်ဆီမှာ...) တဲ့ထို မက်ဆေ့ကို ဖတ်ပြီး ထူးထူး
မျက်လုံး ပြူးသွားသည်။
မော် စာပို့ထားတာကို မမြင်။"ကို ပို့ထားတာ မမြင်တာလား.. ၊
တမင် မယူသွားချင်တာလား..?.""ဆောရီး.. ၊ ထူး တကယ် မမြင်လိုက်တာ..."
"အော်.. ၊ ခွန်းက သူ့ကား မစီးရတာ ကြာပြီဆိုလို့
ယူသွားတာ... ၊ ထူးထူး ကားက ၀က်ရှော့မှာဆိုတော့ ကို့ကား သော့ ထားခဲ့ပေးတာ..."မော်က ခွန်းသော် ကို ကာပြောပေးနေသည်။
"အော်.. ကျေးဇူးပါ..၊ ထူး မသိလိုက်ဘူး..."
"ရပါတယ်... ကားက ဘယ်နေ့ ရမှာလဲ...?"
"မနက်ဖြန် သွားယူမှာ..."
"အော် ဟုတ်လား.. ကို လိုက်ပို့ပေးမယ်လေ..."
"ရပါတယ် ထူး ဘာသာပဲ သွားလိုက်မယ်..."
"လိုက်ပို့ပေးပါ့မယ်.. ကိုလဲ အားနေတာပဲလေ..."
"ရပါတယ် မော်....၊ ထူး ထပ်ပြီး ပြသာနာတွေ
မရှည်ချင်တော့ဘူး....."ထူးပြောလိုက်သော စကားကို မော်က
နားလည်ဟန်နှင့် ဘာမှ ဆက်မပြောတော့....။
မော်သာ ထူးထူးကို လိုက်ပို့တယ် ဆိုတာ
ခွန်းသော်သိသွားရင် မိုးမီးလောင်တာထက်
ပိုဆိုးပေလိမ့်မည်။
YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်