Part 7(Z+U)

21.6K 1.7K 38
                                    

"ငါအခုကြားလိုက်ရတာဘာစကားကြီးလဲ သူကငါ့ကိုပြန်ဝယ်မယ် သူ့အစ်မကိုကားနဲ့တိုက်ခဲ့တဲ့သူသတ်ချင်နေတဲ့ငါ့ကိုဝယ်မယ်ငါသေရဖို့သေချာနေပြီ''

"ဘာတွေအဲ့လောက်တွေးနေတာလဲ မင်းကိုငါမသတ်ပါဘူးဖြေးဖြေးချင်းမင်းသတ်သေချင်လာအောင်ဘဲလုပ်ပေးမှာပါ''

"မဝယ်နဲ့ ငါ့ကိုမဝယ်နဲ့''

"မင်းစကားကိုနားထောင်မယ်လို့များထင်နေတာလား''

"မင်းရူးနေတာလား အခုဆိုရင်လူတိုင်းကငါ့ကိုအောက်ဆွဲချနေကြတာပြီးတော့ငါ့မှာဘာမှမရှိတော့ဘူး မင်းငါ့ကိုဝယ်တော့မင်းအတွက်ဘာအကျိုးအမြတ်ရမှာမို့လဲ''

"ငါ့သဘောပါ''

"မင်းငါ့ကိုကလဲ့စားချေချင်တာနဲ့မင်းရဲ့ကုမ္ပဏီကိုနာမည်ဆိုးထွက်ချင်နေတာလား ငါကမင်းအစ်မကိုကားနဲ့တိုက်လိုက်တဲ့သူနော်သေချာပေါက်ငါတိုက်တာမဟုတ်ပေမယ့်လူတိုင်းကအဲ့လိုဘဲပြောနေကြတာ ပြီးတော့မင်းကသူ့မောင်လေး''

"အဲ့တော့''

"မင်းမစဉ်းစားတတ်ဘူးလား ငါ့ကိုမင်းကဝယ်မှတော့လူတိုင်းကမင်းကိုပြောကြတော့မှာပေါ့အစ်မကိုသတ်ခဲ့တဲ့လူကိုမောင်ဖြစ်သူကကယ်ထားတယ်ဆိုပြီးပြောမှာပေါ့''

"နေ နေပါဦး မင်းကအခုငါ့အတွက်ပြောနေတာလား''

"အေးလေ ငါ့အတွက်ငါပြောရမှာလားငါ့ဘဝကအခုဘာမှသုံးလို့မရတော့ဘူးဖြစ်နိုင်ရင်ပါပါးနောက်လိုက်သွားချင်တာဒါပေမယ့်ငါမလုပ်ခဲ့တဲ့အမှားကိုသက်သေပြဖို့လိုသေးလို့''

"မင်းကသေချာတယ်ပေါ့''

"မင်းငါ့ကိုအဲ့လိုမကြည့်နဲ့ စိတ်ချငါသက်သေရအောင်ရှာပြမယ်ပြီးရင်မင်းကိုအရင်ဆုံးငါလာပြမယ်ငါအပြစ်ကင်းကြောင်းမင်းသိရင်ရပြီ အဲ့တာပြီးရင်မင်းဘေးကနေငါပျောက်သွားပေးမယ်Wang yibo''

Yiboသူ့ကိုစိုက်ကြည့်ပြီးပြောနေတဲ့Xiao zhanရဲ့မျက်လုံးများကိုကြည့်လိုက်သည်။မုသားများမပါဝင်ပကတိရိုးသားသောမျက်လုံးများအားသူတွေ့လိုက်သည်။

"မင်းဘာပြောပြောငါကတော့ငါ့စိတ်ကိုပြောင်းမှာမဟုတ်ဘူး''

အမုန်းဆုံးရန်သူအချစ်ဆုံးလူသားWhere stories live. Discover now