Part 19(Z+U)

20.8K 1.8K 63
                                    

အိမ်ထဲမှာတစ်ယောက်ထဲရှိနေတဲ့အချိန်မျိုးဆိုxiao zhanတစ်ယောက်ပေါက်ပေါက်ရှာရှာအရမ်းလုပ်တတ်သည့်အကျင့်ရှိသည်။ဥပမာမှန်ကိုကြည့်ပြီးဟာသသရုပ်ဆောင်တွေပြောတဲ့စာသားတွေကိုပြောတာမျိုး၊ကွန်ဖူးချတာမျိုး၊သူများပုံစံလိုက်လုပ်တာမျိုးစတဲ့အကျင့်တွေသူ့မှာရှိသည်။အခုလည်းသူတစ်ယောက်ထဲအိမ်မှာရှိနေတဲ့အချိန်မီးဖိုချောင်ထဲကဟင်းချက်စရာတွေနဲ့သူစားချင်တဲ့ဟင်းတွေကိုချက်နေရင်းပါးစပ်ကလည်းTVထဲကစားဖိုမှူးကြီးတွေပြောသလိုလိုက်ပြောနေလေရဲ့။

"မီးလေးနည်းနည်းလျော့မယ် ဟုတ်ပြီ ပြီးရင်ဆီကိုအပူပေးရမယ် ပြီးရင်ဟင်းခတ်အမွှေးအကြိုင်တွေကိုအရင်ဆုံးကိုယ်ချက်မယ့်ဟင်းရဲ့ပါဝင်ပစ္စည်းတွေထဲထည့်နှယ်ရမယ်''

Xiao zhan သာသူလုပ်သမျှကိုကြည့်နေတဲ့လူရှိမှန်းသိခဲ့ရင်သူအဲ့လိုလုပ်နိုင်ပါဦးမလား။

"ကဲ အားလုံးကိုရောထည့်ပြီးမီးအေးအေးလေးနဲ့ချက်ရမယ် အသားကကြက်သားကိုသုံးထားလို့အားလုံးစားသုံးနိုင်ပါတယ် တစ်ချို့ကအသားဆိုရင်ဝက်သားမစားဘူးအမဲသားမစားဘူးတို့ရှိတယ်မလားကြက်သားကတော့လူတိုင်းစားနေတာကိုတွေ့ရလို့ကြက်သားကိုသုံးထားပါတယ်''

သူဟင်းချက်နေတဲ့ပုံစံကဆွဲဆောင်မှုရှိပေမယ့်ပါးစပ်ကတွေ့ကရာလျှောက်ပြောနေတာကြောင့်နည်းနည်းရူးကြောင်ကြောင်နိုင်လှသည်။

"ကဲ ဟင်းတစ်မျိုးကတော့ပြီးသွားပါပြီ နောက်ထပ်ဘာချက်ရင်ကောင်းမလဲ အင်း ဟုတ်ပြီ ကြက်ဥပေါင်းလုပ်ရမယ် ဒီမှာကြက်ဥရှိလားမသိဘူး''

Yiboမနက်စောစောအလုပ်သွားပြီးလုပ်စရာရှိတဲ့အလုပ်တွေကိုလက်စသတ်လိုက်သည်။မနက်ကတည်းကသူstar entertainment နဲ့xiao zhan အကြောင်းပြောတော့သူတို့ဘက်ကနောင်တရပါတယ်သတင်းအမှန်ကိုသိရလို့လည်းဝမ်းသာပါတယ်သူ့ကိုတွေ့လိုရမလားလို့ခွင့်တောင်းသည်။Sorryပါလို့ဘဲပြောခဲ့လိုက်သည်။

"ဟူး ကိစ္စတစ်ခုကတော့ပြီးသွားပြီ''

"Yiboငါမင်းကိုမေးချင်တာရှိလို့''

"ဘာလဲ ကျန်းချန်မေးလေ''

"မင်းxiao zhanကိုအခုထိမုန်းနေတုန်းလား''

အမုန်းဆုံးရန်သူအချစ်ဆုံးလူသားWhere stories live. Discover now