Part 15(Z+U)

20.8K 1.8K 58
                                    

လိုချင်တာကိုမရရအောင်ယူတတ်တာကWang Yiboရဲ့အကျင့်တစ်ခုပင်။သူဘာကိုလိုချင်လဲဘာလို့လဲဆိုတဲ့အကြောင်းလာမမေးနဲ့လိုချင်လို့ကိုရအောင်ယူတာ။အခုကိစ္စလည်းအဲ့ဒီလိုဘဲသူဘာလို့ဒီလိုလုပ်ရတာလဲမေးရင်လုပ်ချင်လုပ်ကိုလုပ်တာလို့ဘဲဖြေလာလိမ့်မည်။သူစကားစပြောတတ်ခါစအချိန်ကပထမဆုံးစပြောသည့်စကားက ငါ့ဟာ ဘာကိုပြောလို့ပြောမှန်းမသိပေမယ့်မိဘများကတော့သဘောကျပြီးသူ့ကိုရယ်ခဲ့ကြသည်။သူ၁၀နှစ်မှာမိဘကိုပိုက်ဆံမတောင်းဘဲကုမ္ပဏီမှာသူ့ရဲ့မုန့်ဖိုးတွေကိုစုခိုင်းပြီးရှယ်ယာဝယ်စေခဲ့တယ်။အဲ့အချိန်ကသူ့မိဘတွေဆိုရင်အံသြလွန်းလို့ဘာပြောရမှန်းကိုမသိတော့ဘူး။သူ့အသက်အရွယ်ဆိုတာကလေးသဘာဝဆော့ကစားရမယ့်အရွယ်ဆိုပေမယ့်သူအဲ့လိုမလုပ်ခဲ့ဘူး။သူများတွေဆော့ကစားပျော်ပါးနေတဲ့အချိန်သူကသူ့အဖေဆီကနေစာရင်းအင်းလုပ်နည်း-ရှယ်ယာဆော့နည်း-အုပ်ချုပ်ရေးပိုင်းဆိုင်ရာစတဲ့ဟာတွေကိုသူဖြေးဖြေးချင်းသင်ယူခဲ့တယ်။ဘယ်သူမှသူ့ကိုလုပ်ပါလို့မပြောပေမယ့်သူ့စိတ်ထဲကိုဒါသူလုပ်ရမယ့်အလုပ်တစ်ချိန်မှာသူ့အဖေနေရာကိုသူယူရမယ်ဆိုတဲ့အတွေးကသူအားလုံးကိုနားလည်တတ်စအရွယ်ကတည်းကသူ့ခေါင်းထဲစွဲနေသည်။ အခုလည်းသူ့အသက်အရွယ်ကောင်လေးတွေပေါ့ပေါ့ပါးပါးနဲ့ပျော်ပျော်နေနေတဲ့အချိန်သူကတော့လုပ်ငန်းတိုးချဲ့တာရှယ်ယာရှင်တွေနဲ့အစည်းအဝေးလုပ်တာစပ်တူလုပ်ငန်းတွေအတွက်လိုအပ်တာတွေပြင်ဆင်တာစတဲ့တာဝန်တွေကိုသူလုပ်နေရသည်။

Wang yiboကိုဘယ်လိုလူစားမျိုးလဲလို့မေးလာရင်သူနဲ့အရင်းနှီးဆုံးဖြစ်သည့်သူ့မိခင်ပင်သိလိမ့်မည်မဟုတ်ချေ။သူ့စိတ်ထဲဘာကိုအလိုမကျလဲဘာကိုစိတ်တိုနေတာလဲဆိုတာလောက်သာအကဲခတ်မိကြမည်။သူ့အတွင်းစိတ်အနက်ရှိုင်းဆုံးကိုတော့ဘယ်သူမှမခန့်မှန်းနိုင်ပေ။သူ့အဖေဆုံးတဲ့အချိန်တုန်းကသူကံတရားကြောင့်လို့သတ်မှတ်ပြီးဖြေသိမ့်ခဲ့သည်။သူမျက်ရည်တစ်စက်မကျသူ့အမေနဲ့အစ်မကိုနှစ်သိမ့်ပေးခဲ့တယ်။သူ့စိတ်ကတော့အရမ်းကိုတုန်လှုပ်နေခဲ့တာပေါ့ဒါပေမယ့်အဲ့တာကိုသူလူတွေရှေ့ချမပြခဲ့ဘူး။သူဒီလိုအချိန်မှာအားနည်းတာကိုလူသိမခံစေခဲ့ဘူး။ဒါပေမယ့်သူ့အစ်မဆုံးတဲ့အချိန်မှာတော့သူအဲ့လောက်မဖြေသိမ့်နိုင်တော့ဘူး။ဒေါသတွေဖုံးပြီးXiao zhanကိုသတ်မယ်ဆိုတဲ့အထိလုပ်ခဲ့ဖူးတယ်။ဒါသူ့ဘဝမှာပထမဆုံးပေါက်ကွဲတဲ့နေ့ပေါ့။နောက်အချိန်ကြာလာတော့သူတဖြေးဖြေးငြိမ်သွားတယ်။အားလုံးကိုဆင်ခြင်ပြီးxiao zhanကိုအနုနည်းနဲ့ဝန်ခံခိုင်းတယ်။သူထင်သလိုမဖြစ်လာတော့အခုလိုဖြစ်ရပ်တွေအထိသူလုပ်ခဲ့တယ်။သူထင်တာသူသာxiao zhan ကိုဖမ်းထားပြီးနိုပ်စက်အဖြစ်မှန်ကိုဝန်ခံခိုင်းလို့ရမယ်လို့။အခုချိန်ထိသူမှန်းထားတာနဲ့အဖြစ်မှန်ကလွဲနေတာကိုသူသတိထားမိပုံရတယ်။အဲ့တာကြောင့်သူxiao zhanဘက်ကနေနေပေးခဲ့တယ်။

အမုန်းဆုံးရန်သူအချစ်ဆုံးလူသားWhere stories live. Discover now