Part 10(Z+U)

20.7K 1.8K 93
                                    

Xiao zhan မနက်ကတည်းကပင်Yiboအိမ်ကထွက်ပြေးဖို့ကျန်ပေမယ့်သူ့ခြေထောက်ကသူ့ဆန္ဒကိုမလိုက်မ၍ပင်မရချေ။မနက်ကတည်းကထမင်းမစားရသေးဘဲရေသာသောက်နေရသည်။Wang yiboဆိုတဲ့လူကဘာမှမလုပ်ပေးခဲ့ရေဘူးသာထားပေးပြီးအလုပ်သွားလိုက်သည်။သူ့ကိုယ်သူထပြီးယူရအောင်လည်းသူ့ခြေထောက်ကလှုပ်၍ပင်မရချေ။အခုလည်းသူသန့်စင်ခန်းဝင်ချင်ပေမယ့်ထ၍မရတာကြောင့်သည်းခံပြီးနေနေလိုက်သည်။

"Wang yiboငါ့ခြေထောက်ပြန်ကောင်းလာလို့ကတော့မင်းအိမ်ကနေချက်ချင်းထွက်သွားရမယ် မင်းဆီမှာတော့အသက်သေမခံနိုင်ဘူး''

"ငါ့ကိုပြောနေတာလား ဘယ်လိုလုပ်မလဲမင်းငါ့ဆီကတစ်သက်လုံးထွက်သွားလို့မရဘူး''

"ဟင် မင်းဘယ်အချိန်ကတည်းက''

"မင်းငါ့ဆီကနေထွက်ပြေးမယ်လို့ပြောတဲ့အချိန် အဲ့တာမဟုတ်ဗိုက်ဆာလို့ငါ့ကိုမကျေမနပ်ပြောနေတဲ့အချိန်''

"မင်းရောက်နေရင်လည်းအသံလေးဘာလေးပေးပေါ့''

"ဒါငါ့အိမ်လေ ငါပြန်လာတာကိုအသံပေးစရာလိုလို့လား''

".....''

Wang yiboအိမ်ပြန်ရောက်တော့သူ့အခန်းထဲဝင်ခါနီးမှXiao zhanကိုသတိရသွားမိသည်။သူ့အိမ်မှာကအလုပ်သမားတစ်ယောက်မှမရှိ။သူအိမ်ကထွက်လာတော့လည်းxiao zhanအတွက်ဘာမှမလုပ်ပေးဘဲရေတစ်ဘူးသာချပေးခဲ့ပြီးထွက်လာခဲ့လိုက်သည်။အဲ့တာနဲ့သူxiao zhanရှိတဲ့နေရာကိုသွားကြည့်လိုက်တော့ခြေထောက်ကိုအသာမပြီးထဖို့ကြိုးစားနေတဲ့သူကိုတွေ့လိုက်ရသည်။ပါးစပ်ကလည်းပွစိပွစိနဲ့သူ့ကိုမကျေမနပ်ရွတ်နေသေးသည်။

"ငါ့ကိုခဏထူပေးလို့ရမလား''

"ဘာလို့ထူပေးရမှာလဲ''

"ငါ သန့်စင်ခန်းသွားချင်လို့''

"မင်းခြေထောက်လေးဘဲ ကျိုးတာလက်ကအကောင်းကြီးလက်နဲ့ထောက်ပြီးသွားလေ''

"မင်း ! ငါသိပြီ မင်းငါ့ကိုမကူညီချင်မှန်းငါသတိမထားခဲ့မိဘူး''

"မင်းဆိုရင်ရော ကိုယ့်အစ်မကိုသတ်သွားတဲ့လူကိုကူညီချင်မလား''

အမုန်းဆုံးရန်သူအချစ်ဆုံးလူသားWhere stories live. Discover now