Part 39(Z+U)

16.3K 1.5K 58
                                    

လူတစ်ယောကိုအရမ်းချစ်လာတဲ့အခါထိုလူကိုဆုံးရှုံးရမှာကြောက်လာတတ်ကြသည်။ဤသည်ကလူသားသဘာဝပင်။Wang yiboလည်းထိုနည်း၎င်းပင်။သူxiao zhanကိုအရမ်းချစ်လာတဲ့အချိန်သူ့အနားကနေထွက်သွားမှာကိုကြောက်နေမိသည်။သူထိုလူသားလေးကိုဘယ်နည်းနဲ့မှအဆုံးရှုံးမခံနိုင်ပါ။ပြီးတော့xiao zhanသာသူ့ဘဝထဲကထွက်သွားရင်သူအသက်ရှင်နိုင်ပါ့မလားမသိ။အချစ်ကအဲ့လောက်ဆန်းကြယ်သည့်အရာပင်ဖြစ်သည်။

"ဘာလို့အခုထိပြန်မလာရတာလဲ''

"မင်းပိုင်ရှင်သာမင်းကိုမြင်ရင်အရမ်းပျော်သွားမှာငါသိတယ်''

"မင်းကိုငါမင်းရဲ့ပိုင်ရှင်ဆီပြန်ပို့ပေးမယ်''

Yiboသူ့လက်ထဲကဘူးလေးကိုကိုင်ပြီးxiao zhanကိုရည်ရွယ်လျက်ပြောလိုက်သည်။

သူxiao zhanပြန်အလာကိုစောင့်နေတဲ့အချိန်သူမသိတဲ့အခြားတစ်ဖက်မှာတော့

"Xiao zhan မင်းဘာမှမဖြစ်ရဘူး မင်းအဆင်ပြေသွားမှာပါ''

Zhouchengတစ်လမ်းလုံးအဲ့စကားကိုဘဲထပ်တလဲလဲပြောလာခဲ့သည်။သူ့လက်များကတော့xiao zhanရဲ့သွေးပေနေတဲ့လက်လေးများကိုကိုင်ထားလေသည်။

"မင်းအဆင်ပြေသွားမှာပါ ငါပြောတာနားထောင်နေတယ်မလား''

ပြန်ဖြေသူမဲ့နေပေမယ့်သူစကားများကိုအဆက်မပြတ်ပြောနေခဲ့သည်။မျက်နှာတစ်ပြင်လုံးလည်းမျက်ရည်များနဲ့ပြည့်နေပြီးအရာအားလုံးမှုန်ဝါးနေသည်။သူ့စိတ်ထဲတွင်တော့xiao zhanသာတစ်ခုခုဖြစ်သွားရင်သူ့ကိုယ်သူခွင့်လွှတ်နိုင်မှာမဟုတ်ချေ။

ဆေးရုံကိုရောက်တော့ခွဲခန်းကိုတန်းခေါ်သွားခြင်းခံလိုက်ရသည်။ Zhoucheng Operation roomရှေ့မှာခေါက်တုန့်ခေါက်ပြန်သွားနေမိသည်။သူ့စိတ်အစဉ်ကတော့လွင့်မျောနေသည်။ကားတိုက်ခံလိုက်ရတဲ့xiao zhanရဲ့ပုံစံကိုသူပြန်မြင်ယောင်ပြီးတုန်လှုပ်နေမိသည်။

"တီ တီ တီ''

"ဟင် ဖုန်း''

ဖုန်းမြည်သံကြားမှအသိစိတ်ပြန်ဝင်လာပြီးသူ့ကိုခေါ်လာတဲ့နာမည်လေးကိုကြည့်လိုက်တော့

"W a n g y i b o''

*ငါ ငါ ဘာလုပ်ရမလဲ သူ့ကိုပြောပြလိုက်ရမှာလား ဒါပေမယ့် ဘယ်လိုပြောရမလဲ *

အမုန်းဆုံးရန်သူအချစ်ဆုံးလူသားWhere stories live. Discover now