Extra 3 (Z+U)

14.5K 1.2K 51
                                    

"Zhanကော တမင်နာကျင်အောင်လုပ်သလိုဖြစ်သွားရင်တောင်းပန်ပါတယ်''

Yiboသူ့ဘေးမှာဝိုင်ပုလင်းတွေနဲ့မှောက်နေတဲ့ xiao zhanကိုတိုးညှင်းစွာပြောလိုက်သည်။

"မနက်ကျမှဘာလို့အဲ့လို့ပြောရတာလဲဆိုတာရှင်းပြပါ့မယ် ကျွန်တော့်ကိုမရိုက်ဖို့မျှော်လင့်တယ်''

"အား ငါ့ခေါင်း ''

"Zhanကော''

Xiao zhanသူ့ခေါင်းကိုလက်နှစ်ဖက်နဲ့အုပ်ပြီးခေါင်းကိုခါရမ်းလိုက်သည်။သူ့မျက်လုံးထဲတွင်အရာရာကမထင်မရှားသာ။

"ငါဘယ်ရောက်နေတာလဲ''

"ဟိုတယ်လေ''

"အား မင်း မင်းဘယ်သူလဲ''

Yiboရဲ့အသံကိုသူကြားရပေမယ့်သောက်ထားတဲ့ဝိုင်အပြင်းစားတွေကသူ့စိတ်ကိုမူးနောက်သွားစေပြီးဘာကိုမှသူမမှတ်မိစွာမေးခွန်းပြန်မေးလိုက်သည်။

"Zhanကော ဘာလို့''

"မင်းကဘယ်သူမို့လို့ငါ့ကိုသိနေရတာလဲ မင်းကငါ့ရဲ့ညီလေးလား''

"ဟင် ဘာ ဘာ''

"ငါ့ကိုဘာလို့သိတဲ့လူတွေများနေရတာလဲ မသိရင်ငါကနာမည်ကြီးမင်းသားကျနေတာဘဲ''

Yiboသဘောပေါက်လိုက်ပြီ။ဘာလို့ခုနက Zhouchengအလောတကြီးပြန်သွားရလဲဆိုတာကို။

"မင်းကဘယ်သူလဲ ငါသိတဲ့လူလား ငါကသိတဲ့လူလား''

"ကျွန်တော်တို့နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်သိတယ်''

"ဟုတ်လား ငါဘာလို့မင်းကိုမမှတ်မိတာလဲ''

"သေအောင်သောက်ထားတာကို''

"ငါ့ကိုမကျိန်ဆဲနေနဲ့ ငါအသဲကွဲနေလို့သောက်ထားတာ မင်းနားလည်လား အဲ့တာကငါ့ကိုအရမ်းနာကျင်စေတယ်''

Xiao zhanလုံးဝမူးနေတယ်ဆိုတာကိုyiboလက်ခံလိုက်ရသည်။ဘာလို့ဆိုသူ့ကိုမကျေနပ်တာတွေပြောပြတော့မယ့်ဟန်ပြင်နေပြီမလား။

"မင်းကိုငါပြောပြမယ် ငါ့ရဲ့ကောင်လေးကလေငါ့ကိုမချစ်တော့ဘူးလမ်းခွဲချင်တယ်တဲ့ ငါ့ကိုဘာမှမပြောဘဲသူ့ဘက်ကငါ့ကိုတဖက်သတ်လမ်းခွဲသွားတယ် ငါ့ရင်ဘတ်ပေါက်ထွက်တော့မလိုနာကျင်ရတယ်''

အမုန်းဆုံးရန်သူအချစ်ဆုံးလူသားWhere stories live. Discover now