Part 48(2)(Z+U)

16.6K 1.6K 84
                                    

"ဘုတ်''

ပြုတ်ကျသံနဲ့အတူxiao zhanကိုယ်လေးကုတင်ပေါ်ရောက်သွားသည်။ပြီးတော့သူ့ကိုတက်ဖိထားသည့်Wang yibo

"Zhanကော ကျွန်တော်ပြောတာနားထောင် ချောင်ရှင်းကကျွန်တော့်အတွက်သူငယ်ချင်းဘဲ သူငယ်ချင်းထက်မပိုဘူး ဒါပေမယ့်သူပြန်လာတဲ့အချိန်ကျွန်တော့်အပေါ်သူမအရင်ကလုပ်ပေးခဲ့တဲ့အရာတွေအတွက်ကျွန်တော်သူ့ကိုပြန်လုပ်ပေးချင်တယ်''

"ငါနဲ့ဘာဆိုင်လို့လဲ အဲ့အကြောင်းက''

"ချောင်ရှင်းကကျွန်တော့်ဘဝထဲမှာအချိန်အကြာကြီးရှိနေခဲ့တဲ့သူလေ ကျွန်တော်သူပြန်လာတဲ့အချိန်လေးတစ်ခုခုလုပ်ပေးချင်တယ်''

*ငါထင်တယ် မင်းဘဝမှာသူမကတော်တော်အရေးပါခဲ့တာဘဲ မင်းအရမ်းနှစ်သက်ခဲ့တဲ့အကကိုစွန့်လွှတ်ရတဲ့အထိသူမကိုမင်းအလေးထားခဲ့တာဘဲ*

အမှန်တော့မနက်ကzhouchengနဲ့သူတို့ပြောတဲ့စကားတွေအားလုံးကိုသူကြားခဲ့ပြီးပြီဖြစ်သည်။အစကမယုံနိုင်ပေမယ့်သူယုံခဲ့ရသည်။ပြီးတော့သူနှစ်သက်လှတဲ့အကကိုချောင်ရှင်းကြောင့်စွန့်လွှတ်ခဲ့သည်။ပြီးတော့သူမကသူ့ကိုဖွင့်ပြောထားတဲ့မိန်းကလေး။ဆယ်နှစ်ကျော်အတူနေလာတဲ့မိန်းကလေးကိုသူပေါ့ပေါ့တန်တန်ငြင်းခဲ့ပေမယ့်သူမထွက်သွားတဲ့အချိန်ကျတော့သူနောင်တရခဲ့မှာအမှန်ပင်။

"ငါ့ကိုအိမ်ပြောင်းပေးပါလား''

"ဘာ!!''

"မင်းချောင်ရှင်းကိုသံယောဇဉ်ရှိတာငါသိတယ် သူမကအရမ်းလှတဲ့မိန်းကလေးဘဲမင်းနဲ့လိုက်ဖက်တယ်ငါ့ကိုထားခဲ့ပြီးမင်းသူနဲ့.....''

"Omm''

Yiboသူ့ကိုလမ်းခွဲဖို့ပြောနေသည့်xiao zhanရဲ့ပါးစပ်ကိုပိတ်လိုက်သည်။လက်နဲ့တော့မဟုတ်။သူ့နှုတ်ခမ်းနဲ့ပေါ့။

"အင့်''

Xiao zhanသူ့ကိုအပေါ်ကနေဖိပြီးနမ်းနေတဲ့yiboကိုတွန်းဖယ်လိုက်သည်။

"မင်းငါ့ကိုစိတ်ဆိုးနေတာမလား''

"Wang yiboမင်းဘာလုပ်ချင်တာလဲ''

"မင်းကိုနမ်းချင်တယ်''

"အွန့်.....အွန်း....yibo''

အမုန်းဆုံးရန်သူအချစ်ဆုံးလူသားWhere stories live. Discover now