"ထူးထူးက မရှိဘူး.. ခရီး ထွက်သွားတယ် ဆရာ..."
ညစာစားချိန်တွင် ဖေဖေရော ဒေါ်အိငွေကာ
ရှိနေတာကြောင့် ထမင်းစားဖို့ ခေါ်တော့
ခွန်းသော် ဆင်းလာချိန်တွင် ဒေါ်ဝင်းက
ပြောလိုက်သော စကားကို ကြားလိုက်ရသည်၊
ခွန်းသော် ထမင်းစားခန်းထဲ ၀င်ခဲ့တော့
နှစ်ယောက်လုံး အံ့သြနေကြတဲ့ မျက်နှာတွေကို
တွေ့လိုက်ရသည်။"ဟေ.. ဘယ်တုန်းကလဲ ဘယ်ကိုလဲ...?"
ဖေဖေ၏ မေးခွန်းတွေက ဒေါ်အိငွေကို
ဦးတည်နေသည်။ ဒေါ်အိငွေ က သူ့ဖုန်းကို
သူယူကြည့်လိုက်ကာ....."အိကိုလဲ ဘာမှ မပြောသွားဘူး..."
"ဟို.. ဦးမောင်ကို ဟိုကလေး
ဖုန်းလှမ်းဆက်ထားတာ... ၊
သူနဲ့ သွားတာလို့ ပြောတယ်.. ကလောကိုတဲ့..."ဒေါ်ဝင်း က မရဲတရဲပြောတော့
ဖေဖေက မျက်မှောင်ကြုတ်သွားပြီး"ဘယ်ကလေးလဲ...?"
"အာဏာဆိုတဲ့ ကလေးပါ ..."
အာဏာနဲ ထူးထူးနဲ့ ခရီးထွက်သွားသည်တဲ့လား.။
"အော်.. အာဏာနဲ့လား.. ၊
ဒီကလေးကတော့ မပြောမဆိုနဲ့..."ဖေဖေက အာဏာဆိုတာသိလိုက်ရတော့
စိတ်ချသွားသည့်လေသံနှင့်ပေါ့ပေါ့ပါးပါးပြောကာ သဘောတောင်ကျနေသေးသည်။
ဒေါ်အိငွေလဲ ထိုနည်း၎င်းပင် ပြုံးနေလေသည်။"ဒီနေ့ သူ့အမေ ရက်လည်နေ့ကြီးနော်... ၊
ဘာသွားလုပ်ကြမှာလဲ မသိဘူး..."ဒေါ်အိငွေက ထိုသို့ပြောလိုက်တော့ ဖေဖေက....
"စိတ်ပြေလက်ပျောက် သွားတာနေမှာပေါ့...၊
ဒါနဲ့ ခွန်းသော် မသိဘူးလား...
သားကို မပြောသွားဘူးလား...?"ခွန်းသော် အံကို ကြိတ်ကာ ခေါင်းကို ခါလိုက်ရင်း
ထမင်းစားပွဲတွင်ဝင်ထိုင်လိုက်တော့.."သူတောင် အိမ်ကို မလာတာ ကြာပြီနော် ..
သားတို့ ရန်ဖြစ်ထားကြတာလား...?""မဖြစ်ပါဘူး ဖေဖေ...၊
သူက သြဇီမှာ ကျောင်းတတ်နေပြီမို့လို့ပါ.. ၊
ခုလဲ ခဏပြန်လာတာ..."
YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်