Page တွင် manga အတိုလေး တစ်ခု
တင်လိုက်တာနှင့် ငါးမိနစ်ပိုင်းအတွင်းမှာ၊
ရာကျော်သွားသော like တွေနှင့် Feedback တွေ ချက်ချင်းတက်လာတာကို ကြည့်နေရင်း
ထူးထူး ပြုံးနေမိသည်။နှစ်အနည်းငယ်အတွင်းမှာ
ထူးထူးရဲ့ page လေးက အတော်လေး
လူသိများခဲ့သည်ဟု ဆိုရမည်။Feedback တွေလိုက်ဖတ်နေရင်း ကြောငြာ
အတွက် ကမ်းလှမ်းတဲ့ စာလေး တွေပါ
ရောက်နေတာကြောင့်လည်း ဝမ်းသာမိသည်။
မိမိဝါသနာပါတဲ့ အရာနှင့် ကျောင်းတက်ရင်း
တစ်ဖက်တစ်လမ်းက ဝင်ငွေရှာနိုင်နေပြီဖြစ်သည်။ဖုန်းမှ ringtone သံကြောင့် ကြည့်လိုက်တော့
အသူရာ့ဆီမှ."ဟယ်လို..."
"ထူး... နင် အိမ်မှာလား...?.."
"ဟုတ်တယ်.. ၊ ဘာကိတ်..?"
"အော်၊ မနက်ဖြန် အတွက်
shopping ထွက်ရအောင်လို့ ၊
ခွန်းသော်နဲ့ တစ်ခါထဲလိုက်ခဲ့၊
ပွဲကို နင်ပါ လိုက်ရမယ်.."အသူရာ့စကားကြောင့် ထူးထူး ပြုံးမိလျှက်သား၊
မနက်ဖြန် ခွန်းသော်၏ ပထမဆုံးထွက်မယ့်
သီချင်းခွေ promotion လုပ်မယ့် နေ့၊
ထို့ကြောင့် အသူရာ့အတွက် အင်္ကျီ အသစ်
ဝတ်ရန် လိုအပ်ပေလိမ့်မည်။ခွန်းသော်က အွန်လိုင်းမှာတင်သော
သီချင်းတွေက ပေါက်သွားတာကြောင့်
ပရိတ်သတ် အခိုင်အမာ ရရှိပြီးသားဖြစ်သည်။
ထို့ကြောင့် ပွဲလာတဲ့ ပရိတ်သတ်လည်း
များပေလိမ့်မည်။"မလိုက်တော့ပါဘူးဟာ၊
နင်တို့ နှစ်ယောက်ပဲ သွားကြပါ၊ ..""မရဘူး ၊ ပွဲမလိုက်ရင်တောင်
ခုတော့ လိုက်ရမယ်....၊
ငါ ခွန်းသော်ကိုလဲ ပြောပြီးသွားပြီ..."စကားပင် မဆုံးလိုက် အခန်းတံခါး
ခေါက်သံ ကြားလိုက်ရတာကြောင့်
ထူးထူး သွားဖွင့်ပေးတော့
ခွန်းသော် ဖြစ်နေလေသည်။သူက"အသူရာ ပြောပြီးပြီလား...?"
ထူးထူး ခေါင်းညိတ်လိုက်တော့..
"၁၀နာရီ ထွက်မယ်နော်.."
"ဟုတ်.."
ခွန်းသော် အခန်းထဲမှ ထွက်သွားတော့မှ.....
YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်