1.

5K 256 3
                                    

[Zawgyi]

*Knock Knock *

"ဂျုံအင် ကျုရှင်ဆရာဆီသွားမယ်လေ ဘာလုပ်နေတာလဲ "

အခန်းတံခါးအပြင်ဘက်ကနေ မေမေ့ရဲခေါ်သံကိုကြားလိုက်တာမို့ အိပ်ပျော်နေရာကနေ ရုတ်တရက်ထထိုင်ကာ မျက်လုံးတို့ကိုပွတ်သပ်ရင်းတံခါးဖွင့်ပေးလိုက်သည်။

"မသွားချင်ဘူးဗျာ မေမေရာ .. ကျွန်တော် အိမ်မှာဘဲစာလုပ်ချင်တယ် "

အခန်းထဲကနေအော်ရင်းထွက်လာတဲ့ ဂျုံအင်ကိုသူ့အမေကကြည့်ပြီးနှာခေါင်းရှုံ့သည်။ကျောင်းကပြန်ရောက်တာက ၂နာရီလောက်ရှိပြီ .. ဂင်ဂျုံအင်ကတော့ အင်္ကျီပင်မလဲရသေး။အခုလည်းတွန့်လိမ်ကာမသွားချင်ကြောင်းပြောနေပြန်သည်။

"မရဘူး .. မင်းအင်္ဂလိပ်စာဒီလောက်ညံ့နေတာကို မဖြစ်ဘူး .. သွားခုချက်ချင်းရေချိုး .. ငါဆရာ အို ဆီကို ဒီနေ့လာမယ့်အကြောင်းဖုန်းဆက်လိုက်မယ် "

အမေက ဂျူံအင်ကိုရေချိုးခန်းထဲတွန်းပို့ကာ အခန်းထဲကနေထွက်သွားပြန်သည်။အင်္ဂလိပ်စာကျုရှင်ယူဖို့ကို အရင်အပတ်ကတည်းကနားပူနေတာဖြစ်သည်။အထက်တန်းပထမနှစ်စတက်ကတည်းက အောင်မှတ်ကျော်ရုံသာဖြစ်နေသော ကျွန်တော့်အမှတ်တွေကို အမေကလျစ်လျူရှု့မထားနိုင်တော့တာမို့ ဆရာယူဖို့အတင်းပြောနေခြင်းပင်။

"ဂင်ဂျုံအင် ရေကိုသွက်သွက်ချိုးစမ်း "

ဂျုံအင် ရေချိုးခန်းထဲကမှန်ကြည့်ရင်း အမူအရာအမျိုးမျိုးလုပ်နေတုန်း
အမေကလှမ်းအော်လိုက်တာမို့ ရေပန်းကိုအလျင်စလိုဖွင့်ချလိုက်တော့သည်။

••

"ဆယ်ဟွန်းနား .. တကယ်ခဏဘဲနော် .. ဧည့်သည်လာရင် စောင့်ခိုင်းထားပေးနော် "

"သိပါတယ်ဆိုဗျာ .. အစ်ကိုသာ ဖြောင့်ဖြောင့်သွားပါ .. စောင့်ခိုင်းထားလိုက်မယ် "

ဆယ်ဟွန်း မိုးလင်းမှ Club ကပြန်ရောက်လာပြီး ခုနကမှအိပ်ပျော်သွားတာမို့ အိပ်ချင်နေသေးတော့ မျက်လုံးတို့ကို အတင်းဖွင့်ရင်း အိမ်ထဲကဆိုဖာပေါ်ထိုင်နေလိုက်သည်။

အို မိသားစုကပိုက်ဆံချမ်းသာတယ်ရယ်လည်းမဟုတ်ပေမယ့် ဖေဖေနဲ့ အစ်ကိုက ပိုက်ဆံရှာပေးနေတာကြောင့် ကျွန်တော်က အလိုက်သင့်လေးသုံးပေးရုံပင်။ရိုးရိုးတက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားတဲ့ ကျွန်တော့်ကိုဘယ်အလုပ်ကမှလည်းလက်မခံချင်တာကြောင့် ကျွန်တော်ကအလုပ်လက်မဲ့။

The Day We Meet AgainWhere stories live. Discover now