[Zawgyi]
"Nini ဘာအမှားလုပ်မိလို့လဲ ကိုကို .. ပြောပါ .. ကိုကိုမကြိုက်တဲ့အချက်တွေအကုန်ပြော .. Nini အကုန်ပြင်မယ် .. မကွာရှင်းပါရစေနဲ့ ကိုကိုရယ် "
ဆယ်ဟွန်း .. မိမိရှေ့တွင်တသိမ့်သိမ့်ငိုရင်း ခေါင်းငုံ့ကာပြောနေသောကလေးကိုကြည်ပြီး ကိုယ်တိုင်ပါမျက်ရည်ကျလာသည်။ဦးထုပ်အနက်ကို ငိုက်ငိုက်စောင်ထားပြီး မျက်နှာတစ်ဝက်ကို mask နဲ့ဖုံးထားတာမို့ ဆယ်ဟွန်းမျက်ရည်တွေကိုဂျုံအင်မမြင်ပါ။
ဘာအမှားမှမလုပ်ထားပါဘူး Nini ရယ်။မကြိုက်တဲ့အချက်လည်းမရှိရပါဘူး။Nini ဘာလုပ်လုပ် ကိုကို သဘောကျနေတာဘဲဟာ။မကွာရှင်းလို့ကတော့မဖြစ်ဘူး Nini ။Nini ကိုယ်ထဲမှာရော၊ကိုကို့ကိုယ်ထဲမှာရော တူညီတဲ့သွေးတွေစီးဆင်းနေတာ။
"ဟင် .. ကိုကိုရဲ့ Nini ပြောတာကိုပြန်ဖြေပါဦး "
အသံလေးကတိုးတိုးလေးနဲ့အက်အက်လေး။မော့ကြည့်လာတဲ့ မျက်နှာလေးက မတွေ့ရတဲ့ ၁ပတ်ကျော်အတွင်းအတော်ချောင်ကျသွားပြီးမျက်လုံးတို့ကမို့ဖောင်းနေသည်။အဖျားရောပျောက်သွားပြီလား။အိမ်မှာရောအဆင်ပြေနေရဲ့လား။ဖေဖေတို့ကရောဘာတွေပြောနေသေးလဲ။ဂျုံအင်မိဘတစ်ဖြစ်လဲ ဆယ်ဟွန်းမိဘတွေရော ဆယ်ဟွန်းကိုအမှုန့်ကြိတ်ချင်နေလောက်ပြီထင်တယ်။
"Nini ကိုစကားတောင်ပြန်မပြောချင်တော့ဘူးလား ဟင် "
"စိတ်ကုန်တယ် "
ဒီဘဝကြီးကိုတကယ်စိတ်ကုန်နေပြီ။ကိုယ်ချစ်ရတဲ့သူနဲ့ ညီအစ်ကိုဖြစ်နေတဲ့အခိုက်အတန့်ကတကယ်ကို စိတ်ကုန်ဖို့ကောင်းနေပြီ။မျက်ရည်တွေထပ်ပြီးစီးကျလာနေတဲ့ကလေးငယ်ရဲ့မျက်နှာကိုမကြည့်မိအောင်မျက်နှာလွှဲလိုက်သည်။
"ကောင်းပါပြီ .. ကျွန်တော် သိချင်တာနှစ်ခုရှိတယ် .. အဲ့နှစ်ခုသိရပြီးရင် ကျေကျေနပ်နပ်ကြီးလမ်းခွဲပေးပါ့မယ် .. ခင်ဗျားရှေ့မှာလည်းလုံးဝပေါ်မလာတော့ဘူး "
ရှေ့မှာချထားတဲ့ရေခွက်ကိုမော့သောက်ပြီး တစ်လုံးချင်းအေးစက်စွာပြောလာတဲ့ ဂျုံအင်စကားတို့ကြောင့်ဆယ်ဟွန်းပြုံးမိသည်။ဒါမှပေါ့ .. ဒါမှဆယ်ဟွန်း ကလေးလေး။ရင်ထဲနာကျင်နေပေမယ့် ဆယ်ဟွန်းရယ်မိလိုက်သည်။ထိုကလေးကတော့သိမှာမဟုတ်။
YOU ARE READING
The Day We Meet Again
Fanfiction[Zawgyi] အဆင်ပြေသွားလိမ့်မယ်လို့ထင်ထားပေမယ့် အဆင်မပြေဘူး အဆင်မပြေဘူးလို့ယုံကြည်ခဲ့ပေမယ့် လက်တွေ့မှာအဆင်ပြေနေခဲ့ပါသည်။ × The Day We Meet Again × "ငါတို့တွဲကြမလား ဂျုံအင် ? " "အိုဆယ်ဟွန်း ခင်ဗျားကကျွန်တော့်အချစ်တွေနဲ့လုံးဝမတန်တဲ့သူဘဲ .. ဒီမ...