21.

1.3K 183 83
                                    

[Zawgyi]

"ဆယ်ဟွန်းနား .. ထတော့လေ .. ဒီနေ့ ဂေဟာသွားမယ်မလား "

ဆယ်ဟွန်းပုခုံးကိုလှုပ်နှိုးခံလိုက်ရတာမို့ အိပ်ရာကနေနိုးလာရသည်။ဒီရက်ပိုင်းခေါင်းတွေခဏခဏကိုက်နေတာမို့ ညဘက်တွေဆယ်ဟွန်းအိပ်မပျော်။ညနက်သွားတာမို့ မနက်တွေဆိုစောစောမနိုး။စောစောနိုးနေလည်းဆယ်ဟွန်းကဘာလုပ်စရာမှမရှိ။တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်ရင်း သေမယ့်အချိန်ကိုသာထိုင်စောင့်နေရုံပင်။

အရင်ကလူနှစ်ယောက်ရဲ့ ချစ်ခြင်းတွေကြောင့်နွေးထွေးတဲ့ အခန်းက ခုတော့ ခြောက်ကပ်အေးစက်နေသည်။အချိန်တွေလည်းတရွေ့ရွေ့နဲ့ကုန်လာနေပြီ။ဆောင်းကုန်ပြီးနွေဦးအကူးမို့ရာသီဥတုကမမှန်ချင်။အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ ကောင်းကင်က ဆယ်ဟွန်းအတွက်အလွမ်းတို့ကိုပိုတိုးစေသည်။

ကိုယ်လက်သန့်စင်ပြီးအင်္ကျီလဲတာကအစ အစ်ကိုကူညီပေးပြီးတော့ ဆယ်ဟွန်းကိုဧည့်ခန်းထဲမှာ Wheelchair နဲ့ထားခဲ့သည်။လက်ထဲကဖုန်းကိုဖွင့်ကြည့်တော့ Lock Screen ကကောင်လေးကအစွမ်းကုန်ပြုံးနေလေသည်။ခိုးရိုက်ထားသောပုံလေးမို့ သိပ်မလှပသော်လည်းဘေးတစောင်းမြင်နေရတဲ့အပြုံးလေးကအရမ်းကြည့်ကောင်းသည်။

"ဆယ်ဟွန်းသွားစို့ "

ဖေဖေနဲ့အစ်ကိုက ဆယ်ဟွန်းကိုတွဲပြီးအိမ်ရှေ့မှာအသင့်ခေါ်ထားတဲ့ Taxi ပေါ်တက်စေသည်။ပြီးမှ Wheel Chairကိုခေါက်သိမ်းပြီးကားအနောက်ထဲထည့်ကာသယ်လာသည်။ဆယ်ဟွန်းတို့ကမချမ်းသာပေမယ့် တစ်နှစ်ကိုအနည်းဆုံးနှစ်ခေါက်တော့ ဂေဟာကိုသွားပြီးလှူဖြစ်သည်။

ဂျုံအင်နဲ့ကွာရှင်းလိုက်ခြင်းအပေါ် အစ်ကိုနဲ့ဖေဖေကတော့ဘာမှကောင်းသည်ဆိုးသည်ပြောမလာ။မပြောချင်တော့၍လားတော့မသိ။ဆယ်ဟွန်းပေါ်ကိုလည်းတစ်ချက်မငြီးညူဘဲပြုစုပေးကြသည်။ဆယ်ဟွန်းကလည်း ဂင်အိမ်တော်ကသားဖြစ်တယ်ဆိုတာကို ဖေဖေတို့ကိုမပြောပြထားပါ။ပြဿနာတွေရှုပ်ထွေးလာမှာကြောက်သည်။ဒီလိုတိတ်တိတ်လေးတောင်လွမ်းခွင့်မရှိတော့မှာကြောက်သည်။အချိန်အတော်ကြာကားစီးပြီးတော့မှ ဆယ်ဟွန်းတို့ဂေဟာလေးကိုရောက်သည်။

The Day We Meet AgainWhere stories live. Discover now