[Zawgyi]
"ဂင်ဂျုံအင် ! "
"ဟုတ် !"
စားပွဲခုံကိုပုတ်ပြီး ခေါ်လိုက်တဲ့ ဆရာ့အသံကြောင့် ဂျုံအင် အလန့်တကြားမတ်တပ်ထရပ်ရင်းဖြေလိုက်မိသည်။
"ဟားးး ဟားး "
အတန်းဖော်တွေရဲ့ရယ်သံထွက်လာတော့မှ ဂျုံအင် ဆရာ့ကိုသွားဖြီးပြရင်းပြန်ထိုင်မိတော့သည်။မနေ့ကတစ်ညလုံးမအိပ်ရတာမို့ အခုဆရာစာရှင်းနေတော့မှ သေမလိုအိပ်ချင်နေတာ။
"ဒုတိယ နှစ်ဝက်ဖြေဖို့နီးလာပြီးနော် ကလေးတွေ .. စာသေချာလုပ်ကြနော် "
"ဟုတ်ကဲ့ "
ဆရာကဆုံးမစကားဆိုပြီးအခန်းထဲကထွက်သွားလေသည်။ကျောင်းလည်းဆင်းနေပြီမို့ ကျောင်းသား၊ကျောင်းသူအချို့အခန်းထဲကထွက်သွားတော့မှ ဂျုံအင် ခုံပေါ်ခေါင်းမှောက်ချလိုက်မိတော့သည်။တစ်ရေးလောက်ဖြစ်ဖြစ်အိပ်ချင်လိုက်တာ။
"မနေ့ညကဘာတွေလုပ်နေလို့မျက်ကွင်းတွေညိုပြီး တစ်နေ့လုံးငိုက်နေတာလဲ .. အစ်ကိုဆယ်ဟွန်းကြောင့်လား "
ချန်းကဘေးမှာရပ်ပြီးနားနားကပ်ပြောလိုက်တာကြောင့် ဂျုံအင်ရှက်သွားပြီး ခေါင်းတောင်မဖော်ရဲတော့။ချန်းကဘယ်လိုအဓိပ္ပာယ်နဲ့ပြောနေတာလဲ။မနေ့ညက အစ်ကိုဆယ်ဟွန်းကအစောကြီးအိပ်ပျော်သွားပေမယ့် ဂျုံအင်က ဘယ်လိုမှအိပ်မရတာမို့ စာထိုင်ကြည့်နေလိုက်တာ။ရင်တွေခုန်နေသည်မှာလည်းအစ်ကိုဆယ်ဟွန်းကြားသွားမှာတောင်ကြောက်ရသည်။
"ဟုတ်တယ်မလား ! .. ခိခိ .. "
"ငါမနေ့ညကအိပ်မပျော်လို့ပါကွာ .. အစ်ကိုဆယ်ဟွန်းနဲ့မဆိုင်ပါဘူး"
"ဟဟ .. အေးပါကွာ .. အိပ်မပျော်တာကလည်းအစ်ကိုဆယ်ဟွန်းနဲ့တူတူရှိနေလို့ဘဲမလား "
ဒီတစ်ခါတော့ဘာမှပြန်ချေပစရာမရှိတော့။မှန်နေတာမို့လို့လေ။စာအုပ်တွေကိုသိမ်းလိုက်ပြီး အိမ်ပြန်ဖို့ထရပ်လိုက်သည်။မနက်ကတော့ အစ်ကိုဆယ်ဟွန်းက ဘတ်စ်နဲ့လိုက်ပို့ပေမယ့် အပြန်တော့လာမကြိုလောက်ဘူးထင်သည်။ကျွန်တော်လည်း ဘတ်စ်ကားစီးတတ်နေပြီဘဲဟာ။မေမေတို့နဲ့တုန်းကလို အခန့်သားကားစီးပြီးပြန်လို့မှမရတော့ဘဲ။
YOU ARE READING
The Day We Meet Again
Fanfiction[Zawgyi] အဆင်ပြေသွားလိမ့်မယ်လို့ထင်ထားပေမယ့် အဆင်မပြေဘူး အဆင်မပြေဘူးလို့ယုံကြည်ခဲ့ပေမယ့် လက်တွေ့မှာအဆင်ပြေနေခဲ့ပါသည်။ × The Day We Meet Again × "ငါတို့တွဲကြမလား ဂျုံအင် ? " "အိုဆယ်ဟွန်း ခင်ဗျားကကျွန်တော့်အချစ်တွေနဲ့လုံးဝမတန်တဲ့သူဘဲ .. ဒီမ...