5.

1.4K 176 16
                                    

[Zawgyi]

"အင်း .. ပြန်လာနေပြီ .. ဒီနေ့ Date ကိုဖျက်လိုက်ရတာ တကယ်စိတ်မကောင်းပါဘူး  "

ဆယ်ဟွန်းဂျုံအင်အခန်းကနေထွက်လာတော့ နေ့လည် ၂နာရီတောင်ကျော်နေလေပြီ။ဂျုံအင်ဖေဖေနဲ့လည်းစကားတွေအများကြီးပြောခဲ့ကြတာမို့အချိန်ကြာသွားခြင်းပင်။

"ရပါတယ်ဆို ..ဟွန်းကလည်း .. ဒါနဲ့ နင့်မောင်လေးရောသက်သာလား .. ဘာဖြစ်တာတဲ့လဲ "

"အစာအိမ်ယောင်တာတဲ့ .. အခုနည်းနည်းသက်သာသွားပြီတဲ့ "

"ကောင်းပါတယ် .. ခုခေတ်ကလေးတွေကလေ ကျန်းမာရေးကိုဂရုမစိုက်ချင်ဘူး "

အွန်ဘီက သက်ပြင်လေးချရင်းပြောလာသည်မို့ ဆယ်ဟွန်းသဘောတကျရယ်လိုက်မိပြန်သည်။

"အေးပါ .. နင်ကကျဂရုစိုက်တဲ့လူဆိုတော့ .. ထမင်းရောစားပြီးပြီလား .. "

ငယ်ငယ်ကတည်းက အချိုးကျကျနဲ့လှတဲ့ခန္ဓာကိုယ်လေးပေမယ့် ဆယ်ဟွန်းကတော့ အွန်ဘီကို ဝဝပြည့်ပြည့်လေးဖြစ်စေချင်တာပါဘဲ။နှစ်ကြိမ်လောက်သာရင်ခွင်ထဲထည့်ဖက်ဖူးပေမယ့် ရင်ခွင်ထဲမှာပျောက်သွားတဲ့ ထိုခန္ဓာကိုယ်လေးကိုအားမရတာအမှန်ပင်။နဂိုကတည်းကအစားမမှန်တဲ့လူက အလုပ်တွေဆက်လာတော့ထမင်းမစားလိုက်ရတဲ့နေ့တွေရောရှိသတဲ့။

"ငါကစားပြီးပြီ .. ဒီနေ့ မေမေ့ဆီပြန်တာလေ .. အိမ်မှာဟင်းအရမ်ကောင်းတယ်သိလား .. ဟွန်းရော "

အွန်ဘီအမေတို့က ဆိုးလ်မြို့ပြင်တွင် ၃ထက်တိုက်ကြီးနှင့်နေသည်။ငွေကြေးချမ်းသာကြသလို သဘောလည်းကောင်းကြသည်။သူငယ်ချင်းအနေဖြင့်အိမ်ခေါ်သွားတာတောင်ဖော်ဖော်ရွေရွေဆက်ဆံပေးကြသည်။အွန်ဘီကတော့ လွန်ခဲ့တဲ့တစ်နှစ်ကစလို့ မြို့ထဲမှာ တိုက်ခန်းဝယ်ပြီး သူငယ်ချင်းမလေးနှင့်အတူနေသည်။
အွန်ဘီမေးတော့မှဆယ်ဟွန်း ဗိုက်ဆာရမှန်းသိကာဗိုက်ဆာလာတော့သည်။

"အင်း .. ခုပြန်ရောက်ရင်စားမို့ "

"အိုကေ အိုကေ .. ဂရုစိုက်ပြန်ဦး .. နောက်အပတ်ထဲမှတွေ့ဖြစ်တော့မယ်ထင်တယ် .. ငါ လက်ခံထားတဲ့ ပုံတူပန်းချီတွေဆွဲပေးဖို့ရှိသေးလို့ .. ညကျရင်ဖုန်းဆက်လိုက်မယ်နော် "

The Day We Meet AgainWhere stories live. Discover now