10.

1.3K 164 15
                                    

[Zawgyi]

ဂျုံအင်မိမိရှေ့မှာရှိနေတဲ့ထမင်းပန်းကန်ထဲက ထမင်းတို့ကိုတူနဲ့ထိုးစွရင်း စိတ်တို့က မနေ့ညက အကြောင်းအရာဆီသာရောက်နေသည်။မငယ်အွန်ဘီ ဖုန်းပြောနေတာကြားခဲ့ရတုန်းက ချစ်သူတွေလိုမျိုးပြောနေကြတာ။ပြောတဲ့စကားလုံးတို့ကမငြင်သာပေမယ့် ချစ်ရတဲ့သူနဲ့ဖုန်းပြောနေတယ်ဆိုတာ အသံနားထောင်ရုံနှင့်ဂျုံအင်ခံစားလို့ရနေသည်။ဒါပေမယ့် ဘာလို့ မငယ် က ဖေဖေက မေးတော့မရှိဘူးလို့ဖြေရတာလဲ။

အင်းး .. ဟုတ်ပါတယ်လေ .. ဘယ်သားသမီး၊ဘယ်တူမ ကသူ့မှာကောင်လေးရှိပါတယ်လို့ဖြေမလဲ။မရှိဘူးလို့ဘဲ လူတိုင်းပြောကြမှာဘဲမလား။ဒါပေမယ့်လည်း .. ။

"ဟူးး "

ဂျုံအင်ဆက်မတွေးတော့ဘဲ သက်ပြင်းသာချလိုက်မိသည်။ဂျုံအင်ခုချိန်ထိ ဘယ်သူ့အပေါ်ကိုမှ သဘောကျတာမျိုးမရှိသလို၊ရင်ခုန်တာမျိုးလဲမရှိခဲ့။ခု သဘောကျမိကာမှ၊ရင်ခုန်မိတော့မှ .. ထိုလူကိုချစ်နေတယ်လို့လက်ခံမိတော့မှ ဘာလို့ .. ကောင်မလေးကရှိနေရတာလဲ။နောက်ပြီး ဂျုံအင်ရဲ့ပထမဆုံးအချစ်ကယောက်ျားလေးဖြစ်နေတာမို့ ဂျုံအင်ကိုယ့်ကိုကိုယ်ကြိုးစားပြီးလက်ခံခဲ့ရသည်။ပိုပြီးသေချာသွားတာက အစ်ကိုဆယ်ဟွန်း ဟန်မြစ်တံတားပေါ်က ခုန်ချတုန်းက။ဂျုံအင်အဲ့တုန်းက အစ်ကိုဆယ်ဟွန်းကလွဲပြီးတခြားအရေးကြီးတာမရှိတော့ဘူးဆိုပြီးတော့တွေးနေခဲ့မိတာ။ခုကြတော့ တဖက်သတ်အချစ်တစ်ခုကို မစတင်လိုက်ရဘဲ အဆုံးသတ်လိုက်ရပြီပေါ့။

ကျုရှင်သွားမှ အစ်ကိုဆယ်ဟွန်းကိုတွေ့ရမှာမို့ ဂျုံအင်နှင့်အစ်ကိုဆယ်ဟွန်းမတွေ့ရတာကြာနေပြီဖြစ်သည်။ဖုန်းထဲမှာဖုန်းနံပါတ်ရှိနေပေမယ့် ဂျုံအင်အဲ့လောက်ထိမရဲပါ။IG acc တောင် ဂျုံအင်မတောင်းရဲသေး။ဒါပေမယ့်လည်းခုမလိုတော့ပါဘူးလေ။နောင်တစ်ချိန်မှာကိုယ့်အမဝမ်းကွဲရဲ့ သက်ဆိုင်သူဖြစ်လာမှာဘဲဟာ။ဂျုံအင်ပိုပြီးစိတ်ညစ်လာတာမို့ ထမင်းတို့ကိုတူနဲ့ဖိချေနေလိုက်သည်။

"ရား .. ဂင်ဂျုံအင် "

စားပွဲကိုထုပြီးအော်လိုက်တဲ့ ချန်းကြောင့် ဂျုံအင်အတွေးတို့ပြတ်တောက်သွားပြီး ရှေ့မှာထိုင်နေတဲ့ ချန်းကို မျက်ခုံးပင့်ပြလိုက်သည်။ခုချိန်မှာ စကားပြောဖို့ရာပင် ဂျုံအင်အတွက်ခက်ခဲနေသလို။

The Day We Meet AgainWhere stories live. Discover now