4.

1.5K 194 8
                                    

[Zawgyi]

"အွန်ဘီရား ငါဒီမှာ "

ဆယ်ဟွန်း လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး ကော်ဖီဆိုင်အဝမှာရပ်နေတဲ့ အွန်ဘီကိုလက်လှမ်းပြလိုက်သည်။ထင်ထားသည့်အတိုင်း အွန်ဘီက T-shirt လက်တိုအဖြူလေးကိုဂျင်းပြာတောက်တောက်နှင့်တွဲဝတ်လာသည်။ဆံပင်တို့ကိုတော့ခပ်မြောက်မြောက်စီးထားပြီးခေါင်းတောင်ဖြီးခဲ့လားမသိ၊ရှုပ်ပွနေသည်။မျက်နှာကလည်းဘာမှလိမ်းမထား၊နှုတ်ခမ်းနီပင်မပါ။ဒါတောင် အွန်ဘီက ချစ်ဖို့ကောင်းနေသေးသည်။

အွန်ဘီ ကသွားဖြီးပြရင်းကျွန်တော့်ရှေ့မှာဝင်ထိုင်တော့ waiter လေးက bubble Tea ခွက်နှစ်ခွက်ကိုအချိန်ကိုက်လာချသွားသည်။

"ရှဲရှဲ ဟွန်းကော "

"တရုတ်ကားရူးရင်လည်းတော်ရုံရူး အွန်ဘီရေ .. နင် IG Story မှာ တရုတ်ကောင်လေးတွေပုံတင်နေတာကိုငါအကောင်းကြည့်နေတယ်မထင်နဲ့ "

"ဟာ .. ဟွန်းကောကလည်း ငါက တရုတ်ကောင်လေးတွေကိုချစ်လို့ပါဟာ "

မျက်နှာငယ်လေးနဲ့ပြောတော့ဆယ်ဟွန်းရင်ခုန်ရပြန်ပါသည်။ထိုကလေးမလေးဟာ စနောက်နေတာတောင် ကျွန်တော့်ကိုအူယားအောင်လုပ်သေးသည်။ရှုပ်ပွအောင်စီးထားတဲ့ ရွှေအိုရောင်ဆံပင်တို့ထက်ကိုပွတ်သတ်ပေးလိုက်တော့ မကြိုက်သလို မျက်စောင်းထိုးကြည့်လာတာမို့နှစ်ချက်လောက်ပွတ်သပ်ပြီးတာနှင့်လက်ကိုပြန်ရုတ်လိုက်ရသည်။ကိုယ့်ဘဲမို့ သက်ညှာပေးတာမျိုး အွန်ဘီမလုပ်ပါ။သူမကြိုက်တာလုပ်ရင် တွေ့တဲ့နေရာကိုက်တတ်တာမို ဆယ်ဟွန်းကြောက်သည်။

"ငါ့ကိုရော မချစ်ဘူးလား အွန်ဘီရဲ့ "

"ရှောင်ကောကောတွေလောက်မှမရိုတတ်တာ ချစ်စရာလား "

"ငါရိုတော့ရော နင်ကနေတတ်လို့လား အသည်းလေးရဲ့ "

အွန်ဘီရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲပြီး ပြောလိုက်တော့ မသိမသာပါးစပ်လှုပ်ရုံဆဲသည်။အွန်ဘီဆိုတဲ့မိန်းကလေးက အဲ့လိုပါ။ဒါတောင်ကျွန်တော်ကဘာလို့အရမ်းတွေသဘောကျနေလဲမသိပါဘူးဗျာ။

"ဖယ်စမ်းပါ လက်ကြီးက .. ငါဒီနေ့ချိန်းလိုက်တာ နင့်ကိုလက်ဆောင်ပေးစရာရှိလို့ "

The Day We Meet AgainWhere stories live. Discover now