16.

1.5K 186 35
                                    

[Zawgyi]

"ကိုကိုကလည်း .. Nini ကိုချစ်ပါတယ် "

ဂျုံအင်ဖက်ထားသည်ကိုရုန်းလည်းမရုန်းတဲ့ ကိုကိုက  ညီအစ်ကိုလိုချစ်လို့ပြောတယ်ဆိုတာသိပေမယ့် ဂျုံအင်ရင်ခုန်သွားရသည်။ဂျုံအင်လည်းတစ်ချိန်ချိန်တော့ ကိုကို့ကိုညီအစ်ကိုလိုချစ်နေတာမဟုတ်ကြောင်းပြောပြပါဦးမည်။ဂျုံအင် ဖက်ထားတာကိုလွှတ်လိုက်ပြီး သွားဖြီးပြလိုက်သည်။ကိုကိုကတော့ ဂျုံအင်ကိုညီလေးတစ်ယောက်လိုကြည့်ပြီးပြုံးပြနေသည်။အချိန်အတော်ကြာ မျက်လုံးချင်းဆုံမိနေပြီး ဘယ်သူမှအကြည့်မလွှဲမိကြ။

အချိန်တစ်ခုကြာမှ ကိုကိုကအရင် မျက်နှာလွှဲသွားကာ လက်ဆေးဦးမယ်ဆိုပြီးထသွားသည်။ဂျုံအင်လည်း ကိုကိုလက်ဆေးနေတုန်း ဧည့်ခန်းထဲပစ်ထားခဲ့တဲ့ လွယ်အိတ်ကိုသွားယူကာလွယ်လိုက်သည်။ပြီးမှ တံခါးဝနားမှာထိုင်ပြီး ရှူးဖိနပ်အဖြူလေးကိုစီးနေလိုက်သည်။ဂျုံအင်ရဲ့ အဝတ်အစားတွေနဲ့ ပစ္စည်းတွေက အနည်းအကျဉ်းသာပါသည်။စာအုပ်တွေသာရှိသမျှအကုန်သယ်လာတာဖြစ်သည်။မေမေကတော့ လိုတဲ့ပစ္စည်းရှိရင်အိမ်ကိုဖုန်းဆက်လိုက်တဲ့။ဒါရိုက်ဘာဦးလေးကြီးလာပို့ခိုင်းမယ်လို့တော့ပြောသည်။

"ကိုကိုစီးပေးမှာပေါ့ .. ဘာလို့တစ်ယောက်တည်းလျှောက်သွားတာလဲ "

"ကိုကို့ကို ဒုက္ခမပေးချင်လို့ပါ .. နောက်ပြီး ကိုယ့်ဘာသာစီးလည်းအဆင်ပြေပါတယ် "

ဖိနပ်စီးပြီးတော့ ဂျုံအင်ကို ကိုကိုကတွဲပြီး အိမ်ပြင်မှာခဏရပ်စေသည်။ပြီးမှ အိမ်တံခါးကိုသေချာပိတ်ပြီး ဂျုံအင်လွယ်အိတ်ကိုပြောင်းလွယ်လိုက်ပြီး Taxi နဲ့ကျောင်းလိုက်ပို့လေသည်။ဘတ်စ်စီးသွားမယ်ဆိုတာတောင် ပြောမရ။လမ်းများများလျှောက်ရင် ခြေထောက်ပိုယောင်လာမှာစိုးလို့တဲ့။

ိကိုကိုကတော့လေ မချစ်ချစ်အောင်ကိုမျှော်လင့်ချက်တွေပေးနေပြန်သည်။မချစ်နိုင်ရင် မျှော်လင့်ချက်မပေးနဲ့လို့ ပြောလိုက်ချင်ပေမယ့် ဂျုံအင်ကိုယ်တိုင်က ဒီအခြေအနေမှာသာယာနေမိတာမလား။

"တစ်ခုခုဆို ချန်းကိုပြောနော် .. ကိုကို့ဖုန်းကိုဆက်လိုက်လို့လည်းရတယ် .. အပြန်ကြရင်လည်းဂရုစိုက်ဦးနော် .. Taxi နဲ့ဘဲပြန် .. မုန့်ဖိုးရှိသေးတယ်မလား "

The Day We Meet AgainWhere stories live. Discover now