8.

1.3K 173 13
                                    

[Zawgyi]

"ဂျုံအင် "

နှုတ်ခမ်းကိုထိကပ်ကာနမ်းရင်းခေါ်လာတဲ့အစ်ကိုဆယ်ဟွန်းကြောင့် ဂျုံအင် မျက်လုံးတို့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။အဖြူရောင်သတို့သားဝတ်စုံလိုဝတ်စုံပြည့်ဝတ်ထားတဲ့အစ်ကိုဆယ်ဟွန်းက ဂျုံအင်ကိုပြုံးပြီး ပါးကိုဖွဖွနမ်းသည်။

"အစ်ကိုဆယ်ဟွန်း .. ဘယ်လိုလုပ် "

ဂျုံအင် ခန္ဓာကိုယ်ဆီမှာလည်းအဖြူရောင်သတို့သားဝတ်စုံလိုမျိုးဝတ်ထားသေးသည်။ထူးဆန်းနေတဲ့အခြေအနေကိုမေးဖို့ရာ စကားတောင်ဆုံးအောင်ပြောခွင့်မရ အစ်ကိုဆယ်ဟွန်းကကျွန်တော့်နှုတ်ခမ်းကိုနမ်းလိုက်ပြန်သည်။မွန်းကြပ်ကြပ်အနမ်းတို့ကြား ဂျုံအင်မှာမရုန်းသာ။အစ်ကိုဆယ်ဟွန်း နှုတ်ခမ်းတွေကိုလည်းသဘောကျမိတာကြောင့် ပြန်လည်းမနမ်းတတ်တာမို့ ဒီတိုင်းသာငြိမ်နေမိတော့သည်။ကျယ်လောင်လာတဲ့ရင်ခုန်သံတွေကို အစ်ကိုဆယ်ဟွန်းကြားသွားမှာ ဂျုံအင်စိုးရိမ်မိသည်။

"ဂျုံအင် .. ရားး ဂင်ဂျုံအင် "

နားထဲစူးကနည်းဝင်လာတဲ့အသံကြောင့် ဂျုံအင်မျက်လုံးတို့ကိုအမြန်ဖွင့်ကြည့်တော့ ချန်း။နောက်ပြီး ကျွန်တော်က ခုံပေါ်မှာခေါင်းကြီးတင်ပြီးအိပ်ပျော်နေသည်ထင်သည်။အပြင်ဘက်လှမ်းကြည့်တော့ညနေစောင်းပင်ရောက်နေလေပြီ။နောက်ဆုံးချိန်က အားကစားချိန်မို့ မနေ့ကမှ ဆေးရုံကဆင်းလာသည်ကိုအကြောင်းပြကာ ဂျုံအင်အတန်းထဲမှာတစ်ယောက်တည်းစာလုပ်ရင်းကျန်နေခဲ့သည်လေ။

"စာလုပ်မယ်ဆိုပြီး ဘယ်လိုလုပ်အိပ်ပျော်သွားတာလဲ .. မင်းအိပ်ငိုက်ခဲပါတယ် "

"အင်း .. ငါမနေ့ညက စာပြန်ကူးတာနောက်ကျသွားလို့ .. မနက်၁နာရီမှအိပ်ရတယ် "

ချန်းကလွယ်အိတ်အသင့်လွယ်ပြီးစောင့်နေသည်မို့ ဂျုံအင်ကျောင်းစာအုပ်တို့ကိုပိတ်လိုက်ပြီးအစီအရီအိတ်ထဲထည့်လိုက်သည်။ရင်ခုန်နေသည်မှာလည်းခုချိန်ထိမရပ်သေး။

"အလွန်အကျွံလည်းလုပ်မနေနဲ့ဦး .. ဒုတိယနှစ်ဝက်ဖြေဖို့ကလိုသေးတယ် .. စာမေးပွဲမတိုင်ခင်ဆေးရုံရောက်နေမယ် "

The Day We Meet AgainWhere stories live. Discover now