9.

1.2K 169 8
                                    

[Zawgyi]

"ဂျုံအင်နီ ထည့်စားလေ မကြိုက်လို့လား "

မွေးနေ့ကိတ်မခွဲခင်ကတည်းကမျက်နှာမကောင်းတဲ့ကလေးငယ်ကိုအွန်ဘီကြာကြာလျစ်လျူမရှူ့ထားနိုင်တော့တာမို့ထုတ်မေးလိုက်တော့ ပြုံးပြလာပြီးခေါင်းခါပြသည်။

"ကြိုက်ပါတယ် မငယ် "

အပြုံလေးနဲ့ဖြေလိုက်ပေမယ့် အပြည့်အဝမပျော်ပုံပင်။မျက်နှာမှာအကုန်ပေါ်လွင်နေသည်က၁၈နှစ်အရွယ်ကလေးငယ်ပေမို့လား။

"အွန်း များများစား "

ဂျုံအင်ပန်းကန်ထဲကိုဟင်းခပ်ထည့်ပေးရင်းပြောလိုက်တော့ဟုတ်ကဲ့ဟုသာစကားပြန်လာသည်။စားပွဲရှည်ရဲ့ထောင့်မှာထိုင်နေတဲ့နှစ်ယောက်မို့တစ်ခြားသူတွေ အွန်ဘီတို့ကို သတိမထားမိလိုက်ကြ။

ထမင်းစားပြီးတော့ ဧည့်ခန်းကျယ်ထဲမှာထိုင်ပြီးလူကြီးတွေကစကားစမြည်ပြောကြသေးသည်။အချိန်တွေတရွေ့ရွေ့ကုန်သွားပေမယ့် လူကြီးတွေကစကားပြောကောင်းဆဲ။အွန်ဘီထိုင်နေရင်းပျင်းလာသည်မို့ လူကြီးတွေစကားဝိုင်းထဲဝင်မပါဘဲ ဖုန်းဖွင့်လိုက်ပြီး ဂိမ်းဆော့နေလိုက်သည်။

"အွန်ဘီ .. သမီးမှာရော ကောင်လေးရှိနေပြီလား "

"ရှင် "

ဂျုံအင်ဖေဖေက ရုတ်တရက်ထမေတားမို့ အွန်ဘီလန့်သွားကာ ဂိမ်းပင်ရှူံးသွားရသည်။

"အယ် .. ဟို မရှိသေးပါဘူး .. သမီးစိတ်မဝင်စားလို့ပါ ဦးလေး "

အမှန်ပါ။အွန်ဘီ ဆယ်ဟွန်းကလွဲပြီးဘယ်သူ့ကိုမှစိတ်မဝင်စားပါ။ဆယ်ဟွန်းကိုတော့ အထက်တန်းကတည်းက မသိစိတ်ထဲကသဘောကျနေမိတာ။ဒါပေမယ့်ထုတ်မပြောခဲ့ပါဘူးလေ။အွန်ဘီကြောင့် ဆယ်ဟွန်းစိတ်အနှောက်အယှက်ဖြစ်ရမှာ အရမ်းကြောက်ခဲ့တာ။

"အင်းကောင်းပါတယ် .. ဒါပေမယ့် အရမ်းတော့အရွယ်မလွန်စေနဲ့နော် .. ကလေးနဲ့အသက်အရမ်းကွာတာမကောင်းဘူး "

"ဟုတ်ကဲ့ .. "

"အင်း .. အဲ့တာဆို .. ဦးလေးတို့ပြန်တော့မယ် "

ဂျုံအင်ဖေဖေက နှုတ်ဆက်စကားပြောပြီး ထိုင်နေရာကနေ ထတော့ ဂျုံအင်နှင့် ဂျုံအင်မေမေ အန်တီယွန်ဟီး ကပါ မတ်တပ်ထရပ်လိုက်ကြသည်။

The Day We Meet AgainDove le storie prendono vita. Scoprilo ora